Saturday 12 December 2015

ကင်းပုံသီးကြော်


ကင်းပုံသီးလေးတွေ ရလာတာနဲ့ ချက်စားရင် ကောင်းမလား ကြော်စားရင် ကောင်းမလား စဉ်းစားနေရင်းက ဒီတစ်ခါတော့ ပုဇွန်ခြောက်နဲ့ ကြော်ဖြစ်သွားပါတယ် ကျွတ်ကျွတ်လေးမို့စားကောင်းလွန်းလို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အနေတော် လှီးထားသော ကင်းပုံသီး - 300 g
  2. ခပ်ပါးပါး လှီးထားသော ကြက်သွန်နီ  - အနေတော် တစ်ခြမ်း
  3. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး တစ်မွှာ
  4. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  6. ဆား -လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ပုဇွန်ခြောက် - အကောင် နှစ်ဆယ်ခန့်

ပြင်ဆင်ပုံ
  1. ဒယ်အိုးတစ်လုံးထဲမှာ ဆီထဲ့ပြီး ဆီကိုအပူပေးကာ နနွင်းမှုန့်ထည့်ပါ 
  2. ဆီပူလာတာနဲ့ ကြက်သွန်အဖြူ အနီတို့ကို ထည့်ကြော်ပါ
  3. ကြက်သွန်များ နွမ်းတာနဲ့ ပုဇွန်ခြောက် ကင်းပုံသီး ဆား ဟင်းချိုမှုန့်တို့ကို တခါထည်း ထည့်ကြော်ပါ
  4. တမိနစ်လောက် ကြော်ပြီးတာနဲ့ ရေအနည်းငယ် ထည့်မွှေပြီး အသီးနူးအောင် ကြော်ပေးကာ အသီးနူးပါက အရသာမြည်းကာ လိုသလိုပြင်ပြီး  စားသုံးနိုင်ပါပြီ

No comments:

Post a Comment