Wednesday, 2 December 2015

မတ်ပဲကြော်










အသားဟင်းတွေ မစားချင်လေတော့ အသီးအရွက်တို့ ပဲတို့ဘက် လှည့်ဖြစ်တိုင်း ပဲဆိုရင် တမျိုးမဟုတ် တမျိုး လုပ်စားဖြစ်လေတော့ ဒီတခါ မတ်ပဲကြော် မွမွလေး ကြော်ဖြစ်သွားလို့ ယူကျူ့ကကြည့်ပြီး ကြော်ဖြစ်တဲ့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မတ်ပဲ - 1cup
  • ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  • ချင်း - ထမင်းစားဇွန်း တဇွန်းစာ
  • နံနံပင် - ထမင်းစားဇွန်း ၂ဇွန်းစာ
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ဆီ - 1 1/2 cups
  • ရေ -ထမင်းစားဇွန်း ၄ဇွန်းခန့်
ပြင်ဆင်ပုံ
  • မတ်ပဲကို ရေမြုပ်အောင်ထည့်ပြီး အနည်းဆုံး ၅နာရီခန့် ရေစိမ်ပေးထားပါ
  • ငရုတ်သီးစိမ်းကို ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ခပ်ရိတ်ရိတ် လှီးထားပါ
  • ချင်းကို ညက်နေအောင် ထောင်းထားပါ
  • ရေစိမ်ထားသောပဲကို ကြိတ်စက်ထဲထည့်ပြီး အရင်ဆုံး တမိနစ်လောက် ကြိတ်လိုက်ပါ
  • တမိနစ်လောက် ကြိတ်ပြီးတာနဲ့ စက်ကိုခနနားပြီး ကြိတ်စက်ထဲမှ ပဲများကို ဇွန်းဖြင့် အထက်အောက် မွှေပေးပြီး ဘေးမှာကပ်နေတာတွေ ခြစ်ချပေးပါ
  • ပြီးတာနဲ့ ရေ ထမင်းစားဇွန်း တဇွန်း ထည့်ကာ တမိနစ် ဆက်ပြီးကြိတ်ပေးပါ
  • တမိနစ်ပြည့်တာနဲ့ စက်ခနရပ်ပြီး ကြိတ်စက်ထဲက ပဲများကို အထက်အောက် လှန်ကာ ဘေးမှာ ကပ်နေတာတွေ ခြစ်ချပေးပါ
  • နောက်ထပ် ရေထမင်းစားဇွန်း တဇွန်းထည့်ပြီး နောက်ထပ် တမိနစ် ထပ်ကြိတ်ပေးပါ
  • ရေ ထမင်းစားဇွန်း လေးဇွန်းလောက် ကုန်အောင် ကြိတ်ပေးပြီး ပဲများချောမွတ်စွာ ကျေသွားစေရန် နောက်ထပ် ၃မိနစိလောက် ထပ်ကြိတ်ပေးပါ
  • ပဲကြိတ်ပြီးပြီဆိုတာနဲ့ ဇလုံတခုထဲ ပြောင်းထည့်ကာ ဆား ကြက်သားမှုန့် နံနံပင် ချင်းနှင့် ငရုတ်သီးစိမ်းတို့ထည့်ကာ ပဲကိုလေခိုလို့ကောင်းစေမည့် မွှေတံဖြင့် လက်သန်ရာသို့ အနည်းဆုံး ၂မိနစ်ဆက်တိုက် မွှေပေးပါ
  • ပဲကြော်ရန်အတွက် လေခိုမှု လုံလောက်တာကို သိစေရန် ရေထည့်ထားသော ဇလုံထဲသို့ ကြိတ်ပြီးသားပဲကို အနည်းငယ်ယူပြီး ထည့်ကြည့်ပါက ရေပေါ်ပေါ်လာလျှင် ကြော်ရန်အသက့်ဖြစ်ပါပြီ
ပဲကြော်ရန်
  • ဆီကို အပူပေးထားပါ
  • လက်ကိုရေစွတ်ရန် ရေဇလုံသန့်သန့် တခုပြင်ထားပါ
  • လက်ကို ရေစွတ်ပြီး ရေများ စိုစွတ်စွာ ပါမလာစေရန် လက်ကိုခါပေးပြီးမှ ပဲကို အကြော်တခုစာ ယူလိုက်ပါ
  • လက်ဝါးပေါ်တင်ပြီး အနည်းငယ်ဖြန့်ကာ လက်မနှင့် အလယ်တည့်တည့်ကို ဖောက်ပေးပြီးမှ ဆီပူအိုဒထဲကို အသာလျောချပေးပါ
  • အိုးဆန့်သလောက် ထည့်ကြော်ပေးပြီး တဖက်ကျက်ပါက တဖက်သို့လှန်ပေးကာ ၂ဖက်လုံး ရွှေဝါရောင်သန်းပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားပါက နှစ်သက်သလို စားသုံးနိုင်သော မတ်ပဲကြော် မွမွလေးရပါပြီ။

No comments:

Post a Comment