Saturday 5 September 2015

မြင်းခွာရွက်သုပ်







မာမာတို့အိမ်မှာ စိုက်ထားတဲ့ မြင်းခွာရွက် လတ်လတ်ဆတ်ဆတ်လေးတွေကို နူတ်ပြီးတော့ သုပ်စားဖြစ်ပါတယ် မြင်းခွာရွက်ကို တန်ပူရာမှုန့်နဲ့ဘဲ ကြော်ကြော် ဟင်းခါးလေးဘဲချက်ချက် အတို့အမြုပ်လေးဘဲလုပ်လုပ် ချဉ်ငံစပ်လေးဘဲသုပ်သုပ် အရမ်းကို ကြိုက်ပါတယ်။

ဒါကြောင့်မို့လဲ အိမ်မှာ အလွယ်တကူရ သုပ်စား ဟင်းခါးချက်သောက်လို့ ရလေအောင် ပန်းအိုးလေးတွေနဲ့ စိုက်ထားတာမို့လို့ စားချင်ရင် အဆင်သင့် ရခဲ့ပါတယ် ဒီနေ့တော့ မြင်းခွာရွက်ကို ချဉ်ငံစပ်လေး သုပ်ပါတယ်မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. မြင်းခွာရွက် - လက်နှစ်ဆုတ်စာ
  2.  မြေပဲလှော် - ထမင်းစားဇွန်း နှစ်ဇွန်း
  3. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  4. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ငံပြာရည် - ထမင်းစားဇွန်း တစ်ဝက်သာသာ
  7. သံပုရာရည် ( သို့မဟုတ် )အကျီးမှည့်ရည် - ထမင်းစားဇွန်း တစ်ဝက်သာသာ
  8. ကြက်သွန်နီဆီချက် - ထမင်းစားဇွန်း တစ်ဇွန်း
  9. ကြက်သွန်နီ - အနေတော် တစ်လုံး
  10. ငရုတ်သီးအလှော်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ



  • မြင်းခွာရွက်ကို ရေစင်အောင်ဆေးပြီး ရေစစ်ကာ ခပ်ကြမ်းကြမ်း လှီးထားပါ
  • မြေပဲလှော်ကို အခွံများခြွတ်ပြီး သန့်စင်ပေးကာ မညက်တစ်ညက် ထောင်းပေးပါ
  • အသုပ်သုပ်ရာမှာ ပါဝင်မဲ့ ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်းများ အားလုံးကို ဇလုံတစ်လုံးထဲမှာ ထည့်ပေးပြီး ခပ်ဖွဖွ နယ်ပေးပါ
  • အရသာ ဝင်အောင်နယ်ပေးပြီးတာနဲ့ အရသာ မြည်းပေးပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့ ချဉ်ငံစပ် မြင်းခွာရွက်သုပ်ကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

4 comments:

  1. မမာရေ..
    ထုံးစံအတိုင်းခြံထဲကလတ်လတ်ဆတ်ဆတ်လေးဆိုတော့
    အိုင်အိုရာသဘောတွေကျပြီးထပ်ခါထပ်ခါကြည့်မိတာပေါ့။
    ဇီးဖြူသီးတွေလည်းအဲမှာရတယ်နော်။ ကောင်းလိုက်တာ။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ခြံထွက်လေးတွေမြင်တိုင်း အိုင်အိုရာကို သတိရနေတော့တာနော်

      Delete
  2. အစ်မလုပ်တဲ့ မုန့်တွေအားလုံး၊ အသုတ်၊ ဟင်း အားလုံးကို အားပေးသွားပါတယ်။ အရမ်းဘဲ သွားရေကျပါတယ် .... ^___^

    ReplyDelete
    Replies
    1. ကျေးဇူးတင်ပါတယ် ညီမလေးရေ

      Delete