Sunday 13 September 2015

လက်ဖက်အစပ်ထောင်း


လက်ဖက်အသားကို အမျိုးမျိုးနှပ်ပြီးစားကြသလို ၀က်သားနဲ့လည်းချက်တတ်ကြပါတယ် လက်ဖက်ထမင်းသုပ်လေးလဲ လုပ်စားနိုင်သလို လက်ဖက်ထမင်းကြော်လေးလဲ ကြော်စားနိုင်ပါသေးတယ် ဒီနေ့တော့ အလုပ်နည်းနည်း အားတာနဲ့ လက်ဖက်မျိုးစုံ နှပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ဓါတ်ပုံကိုတော့ အဆင်ပြေသလို ရိုက်ထားပါတယ် တစ်ယောက်ထဲ ပြင်ရဆင်ရတာဆိုတော့ လက်ဆေးလိုက် ကင်မရာကိုင်လိုက်နဲ့ ပါတ်ချာလည်နေတာမို့ အဆင်ပြေသလိုလေး တင်ပေးထားပါတယ် အချိုကြိုက်သူတို့ အချိုနှပ်နိုင်သလို အအစပ်ကြိုက်သူတို့က အစပ် ချဉ်စပ်ကြိုက်သူ ချဉ်စပ်လေးနှပ်ပြီး ပြင်ဆင်ပေးနိုင်ပါတယ်။

လက်ဖက်အစပ်နှပ်ရန် ပါဝင်ပစ္စည်းများ

  1. လက်ဖက်အသား (လက်ဖက်အညွန့် )  - ထမင်းစားဇွန်း ဆယ့်ငါးဇွန်းစာ
  2. ပုဇွန်ခြောက်မှုန့် -  ထမင်းစားဇွန်း ဆယ်ဇွန်း
  3. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ဆယ်မွှာ
  4. ငရုတ်သီးစိမ်း - အတောင့် သုံးဆယ်
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. မြေပဲဆီစစ်စစ် - လိုသလောက် သုံးပေးပါ
  8. လက်ဖက်အရွက် အကြမ်းဖြစ်ပါက လက်ဖက်အသားကို ရေနှစ်ထပ်လောက်ဆေးပြီး ရေစင်အောင်ညှစ်ပေးပြီးမှ ငရုတ်ဆုံထဲ ထည့်ပေးကာ ညက်နေအောင် ထောင်းပေးပါ။

ပြုလုပ်ပုံ
  • လက်ဖက်အညွန့်ကို ရေနှင့် ခပ်ဖွာဖွာလှုပ်ပြီး ဆေးကာ လက်နှစ်ဖက်နှင့် ရေစင်အောင် ညှစ်ပေးပါ
  • ရေစစ်သွားပါက ဇလုံကျယ်ကျယ် တစ်လုံးထဲ ထည့်ပြီး ဖွထားပါ
  • ကြက်သွန်ဖြူ ခွန်နှစ်မွှာကို အခွံခွာပြီး ရေစင်အောင် ဆေးပေးကာ မညက်တစ်ညက်ထောင်းပေးပါ
  • ကျန်ကြက်သွန်ဖြူ သုံးမွှာကို အခွံခွာပြီး ရေဆေးကာ အကွင်းလိုက်လှီးထားပါ
  • ငရုတ်သီးစိမ်း နှစ်ဆယ့်ငါးတောင့်ကို ရေဆေးပြီး ညက်နေအောင် ထောင်းပေးပါ
  • ကျန်ငရုတ်သီးစိမ်း ငါးတောင့်ကို ရေဆေးပြီး ခပ်ပါးပါး  လှီးထားပါ
  • ဇလုံတစ်လုံးထဲမှာ လက်ဖက်အသား ဆား ပုဇွန်ခြောက်မှုန့် ငရုတ်သီးစိမ်းထောင်း အချိုမှုန့် ကြက်သွန်ဖြူထောင်းတို့ ထည့်ပေးပြီး ခပ်ဖွဖွ အားလုံးသမအောင် နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ မြည်းကြည့်ပြီး လိုသလိုပြင်ပေးကာ ခပ်ပါးပါး လှီးထားသော ငရုတ်သီးစိမ်း အကွင်းလိုက်လှီးထားသော ကြက်သွန်ဖြူနှင့် ဆီတို့ထည့်ပြီး သမအောင် ထပ်နယ်ပေးပါ
  • အားလုံးသမ သွားပါက လေလုံသော ဖန်ပုလင်းထဲတွင် ဆီမြုပ်အောင်ထည့်ပြီး ရေခဲသေတ္တာထဲမှာ ထားစားပါက နှစ်ပေါက်အောင် စားသုံးနိုင်တဲ့ လက်ဖက်အစပ်နှပ်လေး ရပါပြီ။

No comments:

Post a Comment