Saturday 19 September 2015

Vanilla Shortbread



အားလပ်ရက် မိသားစု စုံချိန်လေးမှာ အပြင်ထွက်ပြီး အစားအသောက်စားတဲ့ အလေ့အထက မာမာတို့မိသားစုလေးမှာ မရှိလေတော့ အိုးသူကြီး မာမာတယောက် ဒီနေ့တော့ မုန့်ဖုတ်လေသတည်းပေါ့နော်

Vanilla Shortbread လေးက နို့ပူပူလေးနဲ့ စိမ်စားမလား ကော်ဖီပူပူလေးနဲ့သောက်မလား လက်ဖက်ရည်လေးနဲ့တွဲလိုက်မလား အရမ်းကို ကောင်းလွန်းပါတယ်။
မာမာလုပ်တဲ့နည်းလေး ပြောပါမယ်
ပါဝင်ပစ္စည်းများ

  • 250 g (Plain) flour
  • 250 g cornflour 
  • 1 teaspoon baking powder
  • 125 g butter,cut up
  • 1/4 teaspoon salt
  • 150 g sugar
  • 2 eggs
  • 1 teaspoon vanilla extract (essence )
ပြုလုပ်ပုံ
  • ဇလုံကျယ်ကျယ် တလုံးထဲမှာ ဆား ဂျုံမှုန့် ဘိတ်ကင်းပေါင်ဒါ ပြောင်းကော်မှုန့်တို့ကို သမအောင် မွှေပေးပါ
  • ထောပတ်ကို ဘလင်ဒါထဲထည့်ပြီး ကျေအောင်ကြိတ်ပေးပါ
  • သမပြီးမွှေထားသော ဂျုံမှုန့်များကို ဗလင်ဒါထဲထည့်ပြီး သကြား ကြက်ဥ vanilla တို့နှင့်အတူထည့်ပြီး ကြိတ်ပေးပါ
  • အားလုံး သမသွားတာနဲ့ အပြင်ထုတ်ပြီး ချောမွတ်သော ဒိုးသားရအောင် လက်နဲ့ဖိနယ်ပေးပြီး ဒိုးသားကို ပလပ်စတစ်နှင့်ပါတ်ကာ ရေခဲသေတ္တာထဲမှာ နာရီဝက်လောက် ထည့်ထားပါ
  • နာရီဝက်ပြည့်တာနဲ့ ဒိုးသားကို အပြင်ထုတ်ပေးပါ
  • ဒိုးသားထုတ်ပြီးတာနဲ့ oven ကို 190°c/gas နဲ့ မီးကိုဖွင့်ပေးထားပါ
  • မျက်နှာပြင်ညီသော နေရာမှာ ဂျုံမှုန့်အနည်းငယ် ဖြူးပေးပါ
  • ဖြူးထားသော ဂျုံမှုန့်ပေါ်မှာ ဒိုးသားကို တင်ပြီး ဒလိမ့်တုန်းနဲ့ လှိမ့်ပေးပါ
  • 1/4 inches အထူအနေအထားရတာနဲ့ ကွတ်ကီးဖြတ်သော ကွင်းလေးများနှင့်ဖြတ်ပေးပါ
  • မုန့်ဖုတ်မည့် ဗန်းထဲမှာ တခုနှင့်တခု လက်တလုံးသာသာစီခြားပြီး ထည့်ပေးပါ
  • ပြီးတာနဲ့ oven ထဲထည့်ပြီး ၁၀မိနစ်မှ ၁၅မိနစ်အတွင်း ဖုတ်ပေးပါ
  • ဘေးအနားများ အရောင်ပြောင်းပြီး မုန့်သားကျက်တာနဲ့ မီးဖိုထဲက ထုတ်ပြီး အအေးခံကာ စားသုံးနိုင်ပါပြီ
ဗလင်ဒါ မရှိပါက ထောပတ်ကို အပူပေးပြီးဖျော်ကာ ဇလုံထဲထည့်ပြီး ဒိုးသားရအောင် စိတ်ရှည်လက်ရှည် နယ်ပေးရင်လဲ ရပါတယ်။


No comments:

Post a Comment