Sunday 27 September 2015

အိမ်လုပ် ဆူရှီ


တခါတလေ စားနေကျ အစာလေးတွေ ရိုးလာပြီလို့ ထင်ရတဲ့အခါတွေမှာ ခံတွင်းတွေ့စေမဲ့ အစာတခုခုကို ပြောင်းပြီး စားကြည့်စေချင်ပါတယ် မာမာတို့တော့ ဒီနေ့ စားနေကျအစာတွေထဲက ဖောက်ထွက်ပြီး ဆူရှီထမင်းလိတ်လေးတွေ လုပ်စားကြပါတယ်။

မာမာလိတ်တဲ့ ဆူရှီလိတ်နည်းလေး ပြောပြပါမယ်
အလိတ်ကြီး ၆လိတ်စာအတွက် ပါဝင်ပစ္စည်းများ

  • ဆူရှီဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  • ရေညှိရွက်  (nori ) - ၆ရွက်
  • သခွားသီး  - တလုံး
  • မုံလာဥနီ - အနေတော် တဥ
  • ပုဇွန် - ၆ကောင်
  • ဂဏန်းသား  - ၆ခု
  • ကျူနာဗူးအသေး 95g - တဗူး ဆူရှီ တလိတ်စာ
  • ဆား - လက်ဖက်ရည်ဇွန်ုး သုံးပုံတပုံ
  • သကြား - ထမင်းစားဇွန်း တဇွန်း
  • Scshi Seasoning - ထမင်းစားဇွန်း တဇွန်းခွဲ
  • Soy Sauce - နှစ်သက်သလောက်
  • ချင်းချဉ် - နှစ်သက်သလောက်

ပြင်ဆင်ပုံ
  • ဆူရှီဆန် ၂ဗူးကို ရေ၃ဗူးထည့်ကာ ထမင်းပေါင်းအိုးဖြင့် ချက်ပေးပါ
  • မုံလာဥနီကို အခွံခွာပြီး လက်တလုံးလောက်အရွယ်ကို အရှည်လိုက်လှီးထားပါ
  • သခွားသီးကို အခွံခွာကာ အလယ်အူတိုင်ထုတ်ပြီး လက်တလုံးလောက် အနေလှီးထားပါ
  • ပုဇွန်ကို ရေမြုပ်အောင်ထည့်ပြီး လှော်ကာ ခေါင်းဖြုတ် အခွံခွာပြီး ဗိုက်နေရာမှ အကြောကို ၃နေရာလောက် အသာဖြတ်ပေးပြီး ကြောဘက် အလယ်မှ ဗိုက်သားထိ မပြတ်အောင် အသာလေး အရှည်လိုက်ခွဲချကာ ဖြန့်ပေးထားပါ
  • ဂဏန်းချောင်းကို ဆီပူမှာကြော်ကာ ဆီစစ်ထားပေးပါ
  • အားလုံး အဆင်သင့်ဖြစ်တာနဲ့ ချက်ထားသောထမင်းပူပူထဲကို သကြား ဆားနှင့် sopတို့ထည့်ကာ သစ်သားယောင်းမဖြင့် ခပ်ဖွဖွ မွှေထားပေးပါ
  • ပြီးတာနဲ့ ရေညှိရွက်ကို ယင်းလိပ်ပေါ်မှာ ခင်း၍ လက်နှစ်ဖက်လုံး ရေစိုရုံစွတ်ကာ ထမင်းကိုအနေတော်ယူပြီး ရေညှိပေါ်မှာ ခပ်ပါးပါး ဖြန့်တင်ပေးပါ
  • ထမင်းပေါ်ကမှ နှစ်သက်ရာ အသားတခုခုနှင့် မုံလာဥနီ သခွားသီးတို့ကို တင်ပေးပြီး လိပ်ပေးပါ
  • ကျန်သောအသားများကိုလဲ အထက်ပါနည်းအတိုင်း လိတ်ပေးပါ
  • အားလုံးပြီးမှ အနေတော်လေးတွေ ဖြတ်ပြီး  ချင်းချဉ် Soy sauceတို့ နှင့် နှစ်သက်သလို စားနိုင်ပါပြီ







5 comments:

  1. တော်လိုက်တာ အစ်မရယ် ....
    အစားအသောက် အစုံလုပ်တတ်တယ် .... သားနဲ့ သမီးကလဲ လိမ္မာတယ် ....
    အရမ်းကံကောင်းပါတယ် .... ^___^

    ReplyDelete
    Replies
    1. ၀ယ်စားမှ စားရမဲ့ အစာလေးတွေမို့ အိမ်မှာကျိုးစားပြီး လုပ်ကြည့်တာပေါ့နော် :-D

      Delete
  2. မလိပ်တတ်သေးလို့ လုပ်စားချင်နေတာ

    ReplyDelete
  3. မလိပ်တတ်သေးခင်တော့ ခကိယ်ထင်ရတယ် နောက်တော့ လိပ်ရင်းနဲ့ အသားကျသွားတယ် ညီမလေး

    ReplyDelete