Friday 5 June 2015

မုန့်ညှင်းဖြူ ကင်မ်ချီ













ရာသီဥတု အေးလာလေလေ အစားအသောက်တွေ စားရတာ မစားချင်လေပါဘဲ ဒါကြောင့်မို့ခံတွင်းလိုက်စေမဲ့ ချိုချဉ်အရသာ ပါမယ်ထင်တာလေးတွေ ဒီနေ့တော့ လုပ်စားဖြစ်ပါတယ်။

ကင်မ်ချီ လုပ်နည်းတွေက ယူကျူ့မှာ အများကြီး ရှိပေမဲ့ ကိုယ့်ပါးစပ်နဲ့ခံတွင်းတည့်နိုင်မဲ့ လုပ်နည်းလေးကို သူတို့ဆီက အခြေခံယူပြီး လုပ်ထားတဲ့အတွက် မာမာပြင်ဆင်ထားတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. မုန့်ညှင်းဖြူ - 1000 g
  2. ကြက်သွန်မိတ် - ၁၅ပင်
  3. ကင်းမွန်ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  4. သကြား - ထမင်းစားဇွန်း ၂ဇွန်း
  5. ပုဇွန်ခြောက် - ထမင်းစားဇွန်း ၇ဇွန်းခန့်
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
  7. ပန်းသီး - တစ်ခြမ်း
  8. ကြက်သွန်နီ - အနေတော် ၂လုံး
  9. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း ၇ဇွန်း 
  10. ဆား - ထမင်းစားဇွန်း ၈ဇွန်း

ပြင်ဆင်ပြုလုပ်ပုံ
  • မုန့်ညှင်းဖြူကို တလက်မလောက် အရှည်လေးတွေ လှီးပြီး ရေစင်အောင်ေ ဆပေးပါ
  • ဆားနှင့် ရေအနည်းငယ်ကို ပန်းကန်တခုထဲမှာ ထည့်ပြီးဖျော်ပေးပါ
  •  ဇလုံကျယ်ကျယ် တခုထဲမှာ လှီးထားသော မုန့်ညှင်းဖြူကိုထည့်ပြီး အရည်ဖျော်ထားသော ဆားရည်ဖျန်းကာ နယ်ပေးပြီး ၃နာရီလောက် ဆားရည်စိမ်ထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး တလက်မလောက် အရှည်အနေအထား လှီးထားပါ
  • ပုဇွန်ခြောက်ကို ရေနာရီဝက်လောက် စိမ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ၈စိတ် စိတ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ပန်းသီးကို အခွံခွာပြီး လေးစိတ် စိတ်ထားပါ
  • သကြား ငရုတ်သီးမှုန့်တို့ကို ပြင်ထားပေးပါ
ကင်မ်ချီလုပ်ဖို့ပြင်ပါမယ်
  • ဆားရည်စိမ်ထားသော မုန့်ညှင်းဖြူ ၃နာရီ ပြည့်ပါက ရေနှင့် ၃ကြိမ်လောက် ဆေးပေးပြီး ဇကာနှင့် စစ်ထားပါ
  • ပုဇွန်ခြောက် ပန်းသီး ကြက်သွန်ဖြူ ကြက်သွန်နီ ငံပြာရည်တို့ကို ဘလင်ဒါထဲထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  • ကြိတ်ပြီးသော အနှစ်ဖတ်များကို ဇလုံတခုထဲ သွန်ချပြီး ငရုတ်သီးမှုန့် သကြား ကြက်သွန်မိတ်တို့နဲ့ ရောမွှေပေးပါ
  • အနှစ်ရပြီ ဆိုပါက ရေစစ်ထားသော မုန့်ညှင်းဖြူနှင့် ရောပြီး သမအောင် မွှေပေးပါ
  • အရသာ သမသွားပြီ ဆိုတာနဲ့ ချက်ခြင်းစားလို့ ရသလို လေလုံလုံ ဗူးထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ပြီး ထားပါက လနှင့်ချီပြီး ထားစားလို့ ရပါတယ်
  • ထမင်းကြော် ခေါက်ဆွဲကြော်များ ထမင်းတို့နှင့် နှစ်သက်သလို တွဲဖက်ပြီး စားသုံးလို့ ရပါပြီ။
  • အနှစ်ပြုလုပ်ရာမှာ သစ်တော်သီး နှင့် ချင်းတို့ထည့်ပြီးလဲ လုပ်နိုင်ပါတယ်။

2 comments:

  1. ကင်မ်ချီအနှစ်လေး လေ့လာသွားတယ် ကျေးဇူးပါ မာမာရေ... ကင်မ်ချီလဲစားကြရအောင်နော် :P

    ReplyDelete
    Replies
    1. တီတင့်လက်ရာလဲ စားချင်နေတာနော်

      Delete