Friday 12 June 2015

ငါးဆုတ် ချဉ်ရည်ဟင်း








ဒီနေ့တော့ ဘာဆာငါးကို ငါးဖယ်အရသာအတိုင်း တစ်ထပ်ထည်းရအောင် ချက်ထားလိုက်တဲ့ ချဉ်ရည်ဟင်း ချက်နည်း ပြင်ဆင်ပုံလေး မျှဝေချင်ပါတယ်။

ငါးဖယ်အစစ် မရနိုင်တဲ့နေရာမှာ အခုလို ဘာဆာငါးကို ဗလင်ဒါထဲ ထည့်ပြီးကြိတ် အနေတော် အလုံးလေးတွေလုံးပြီး တစ်ညသိပ်လောက် ရေခဲသေတ္တာထဲမှာ နှပ်ထားရင် ငါးဖယ်အစစ်လိုဘဲ အထပ်လိုက် အလွှာလိုက် ရနိုင်ပြီး အရမ်းကို စားလို့ကောင်းပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဘာဆာငါး - 500 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် 
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  6. ပြောင်းဖူးမှုန့် - ထမင်းစားဇွန်း ၂ဇွန်း (အားလုံးကိုရောပြီး တစ်မိနစ်စီ တစ်ခါကြိတ် တစ်ခါနားလုပ်ပြီး ၁၅မိနစ်လောက် ကြိတ်ပေးထားပါ ဘလင်ဒါ အဆင်မပြေပါက ဇလုံကျယ်ကျယ်ထဲမှာ အချက် ၂၀၀၀လောက် ပေါက်ပေးပါ)
ဟင်းချက်ရန် လိုအပ်သော ပစ္စည်းများ

  • နုတ်နုတ်စဉ်းထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • နုတ်နုတ်စဉ်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • မကျည်းသီးမှည့်အနှစ် - ထမင်းစားဇွန်း တစ်ဝက်သာသာ
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
လိုအပ်သော အသီးအရွက်
  • ရုန်းပတေသီး  -၂၀တောင့်
  • ခရမ်းသီး - အသေး ၄လုံး
  • ရှမ်းနံနံ - နှစ်သက်သလောက်
ချက်ပြုပ်ရန်ပြင်ဆင်ပုံ
  • ဘာဆာငါးကို ကြိတ်ပြီး အနေတော်လုံးကာ ရေခဲသေတ္တာ အောက်ထပ်မှာ တစ်ညအိပ် နှပ်ထားပါ
  • လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • ချက်ရန် အဆင်သင့်ဖြစ်ပါက အောက်ခြေမကပ်ဘဲ ဇောက်နက်သော အိုးတလုံးကို အပူပေးပါ
  • အိုးထဲကို ဆီထည့်ပြီး ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးတို့ကို မွှေးလာအောင် ဆီသတ်ပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ငါးဆုတ်ကို အစိမ်းထည့်ပြီး ဆီသတ်ပါ
  • ဆီသတ်နေစဉ် ရေမပါတဲ့အတွက် အောက်ခြေမကပ်အောင် ဆက်တိုက်မွှေပေးပါ
  • ငါးဆုပ်များ ပွလာပြီး အရောင်ပြောင်းလာပါက ရေအနည်းငယ်ထည့်ပြီး မွှေပေးပါ
  • ပြီးတာနဲ့ မကျီးမှည့်ရည် ငံပြာရည် အရသာမှုန့်တို့ထည့်ပြီး မွှေပေးပါ
  • အရသာဝင်လောက်ပြီဆိုတာနဲ့ ရေကိုလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူတာနဲ့ ရုံးပနေသီး ခရမ်းသီးတို့ထည့်ပြီး ၅မိနစ်လောက်တည်ပေးပါ
  • အသီးများ အရမ်းမနူးခင် ရှမ်းနံနံရွက် အုပ်ကာ မီးပိတ်ပြီး အရသာမြည်း၍ သုံးဆောင်နိုင်ပါပြီ။

5 comments:

  1. ငါးဖယ်သိပ်ကြိုက်တာ
    ရေခဲရိုက်ထားတဲ့အာရှကလာတဲ့ငါးဖယ်ဆိုတာတွေကလည်းမကောင်းတော့စိတ်လျှော့လျှော့ထားရတယ်။
    ကယ်လီဖိုးနီးယားမှာတုန်းက တံဆိပ်တူဘဲ မဆိုးဘူး။
    ဒီမှာတော့ စိတ်တိုင်းကိုမကျဘူး။
    မမာပြောတဲ့နည်းနဲ့ ဘာဆာငါးကို စမ်းကြည့်အုန်းမယ်။
    အပင်လေးတွေမတင်တာကြာပြီနော်။ ဟိ
    အိုင်အိုရာ

    ReplyDelete
  2. ဘာဆာငါးကို စိတ်ရှည်လက်ရှည် ထုနိုင်ရင် ငဖယ်ထက်တောင် ကောင်းတယ် အိုင်အိုရာရယ်
    ချက်စားကြည့်နော်
    အပင်တွေ အသစ်ပြန်စိုက်နေလို့ ရရင်တင်ပေးပါ့မယ်လို့ :-D

    ReplyDelete
  3. ကြိုက်တယ် လုပ်စားရမယ် ပုံကြည့်ပြီးစားချင်စိတ်တွေဖြစ်လာပြီ။

    ReplyDelete
  4. လာရောက်အားပေးသွားတယ် မာမာရေ... တီတင့်လဲ ငါးဟင်းထဲမှာ ငါးဆုတ်ပဲကြိုက်တယ် အရိုးမစူးလို့ :P

    ReplyDelete
  5. စားချင်စိတ်တွေ ထိန်းမရတော့ဘူး

    ReplyDelete