Tuesday, 2 June 2015

ငါးကျည်းကြပ်တိုက်ခြောက်ဟင်း







ငါးကျည်းကြပ်တိုက်ခြောက် ချဉ်စပ်ဟင်းလေးပါ ငါးရှဥ့်ဟင်း မစားသူတွေအတွက် ငါးရှည့်ကြပ်တိုက် ချဉ်စပ်ဟင်းနဲ့ အရသာ တထပ်ထည်း ကျစေတဲ့ ငါးကျည်းကြပ်တိုက် ချဉ်စပ်ဟင်းလေးမို့ စိတ်၀င်စားရင် ချက်ကြည့်စေချင်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ငါးကျည်းကြပ်တိုက် - အကောင်ကြီးကြီး ၁၀ကောင်
  2. မရမ်းပြားအခြောက် - ၁၅ပြားခန့်
  3. ကြက်သွန်နီ - အနေတော် တလုံး
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၄မွှာ
  5. ကင်းမွန်ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  6. အရသာမှုန့် - ထမင်းစားဇွန်း တ၀က်သာသာ
  7. ငရုတ်သီး လုံးကြမ်းကွဲ - ထမင်းစားဇွန်း ၂ဇွန်း
  8. ဆီ - ထမင်းစားဇွန်း ၈ဇွန်း
ပြင်ဆင်ပုံ
  • ငါးကျည်းကြပ်တိုက်ခြောက်ကို ရေနာရီ၀က်လောက် စိမ်ထားပြီး နူးလာပါက အရိုးထွင်ထားပါ
  • မရမ်းပြားအခြောက်ကို ရေနာရီ၀က်လောက် စိမ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်နုတ်နုတ် လှီးထားပါ
  • အားလုံး အဆင်သင့်ဖြစ်ပါက ဒယ်အိုး ဇောက်နက်နက်ထဲ ဆီထည့်ကာ ဆီကိုအပူပေးပြီး နနွင်းမှုန့် ထည့်ပါ
  • ပြီးတာနဲ့ ကြက်သွန်အဖြူအနီကို အရင်ဆုံး တမိနစ်လောက် ကြော်ကာ ငရုတ်သီးမှုန့်ကို မိနစ်၀က်လောက် ထည့်ကြော်ပေးပါ
  • အသားထွင်ထားသေား ငါးအသားများ ထည့်မွှေပြီး ငံပြာရည်နှင့် အရသာမှုန့်တို့ထည့်မွှေပါ
  • အားလုံး သမပြီဆိုတာနဲ့ မရမ်းပြားကို စိမ်ထားသော ရေမှာ လှုပ်ဆေးပြီး မရမ်းပြား အဖတ်များကို ဟင်းအိုးထဲ ထည့်မွှေပေးပါ
  • ငါးကို ရေမြုပ်လောက်အောင်ထည့်ပြီး ဆီပြန်တဲ့အထိ တည်ပေးပါ
  • ဆီပြန်လာပါက ကြွတ်လာတဲ့အထိ တည်ပေးပြီး ငါးကျည်းကြပ်တိုက်ခြောက် ချဉ်စပ်ဟင်း မွှေးမွှေးလေးကို သုံးဆောင်ဖို့ ပြင်နိုင်ပါပြီ။

No comments:

Post a Comment