မာမာ မနေ့က ချင်းဆားထောင်းလေး စားချင်တာနဲ့ ထောင်းဖြစ်ပါတယ် ချင်းဆားထောင်းက ထမင်းပူပူလေးနဲ့ လိုက်ဖက်သလို ငါးကြော် ငါးပေါင်း ကြက်ကြော် ကြက်သားပေါင်း အစရှိသည်ဖြင့် အသားမျိုးစုတို့နဲ့ လိုက်ဖက်ပါတယ်။
ဒါကြောင့်မိုလို့ မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ ချင်းဆားထောင်း လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ချင်းတက် - လေးလက်မခန့်
- ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
- ငရုတ်သီး အစိမ်းမှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
- သံပုရာသီး - တစ်လုံး
- ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပြုလုပ်ပုံ
- ချင်းတက်ကို အခွံခွာပြီး ရေဆေးကာ မထူမပါးလေးတွေ လှီးထားပါ
- သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ လှီးထားပါ
- ပါဝင်ပစ္စည်းများ အဆင်သင့် ပြင်ဆင်ထားပါ
- ငရုတ်သီးမှုန့် ဆားနှင့် ချင်းတို့ကို ငရုတ်ဆုံထဲမှာထည့်ပြီး ညက်နေအောင် ထောင်းပေးပါ
- ချင်းများ ညက်လာပါက သံပုရာရည် ညှစ်ထည့်ပေးပါ
- အရသာ သမအောင် မွှေပြီးတာနဲ့ ချင်းဆားထောင်းကို ပန်းကန်ထဲ ပြောင်းထည့်ကာ ဆီမြုပ်တဲ့အထိ ထည့်ပေးပြီးတာနဲ့ ချင်းဆားထောင်း ချဉ်ငံစပ်ကို စားသုံးဖို့ ပြင်ဆင်ပေးနိူင်ပါပြီ။
No comments:
Post a Comment