ဒီနေ့တော့ သရက်သီးလေးတွေကို ပိုးတီ သရက်ချဉ် လုပ်ထားရတာ ရပါပြီ ပိုးတီ သရက်ချဉ် သုပ်စားဖို့ အကြောင်းက ဖန်လာပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုပ်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- သရက်ချဉ် - အနေတော် နှစ်လုံး
- ပုစွန်ခြောက်မှုန့် - ထမင်းစားဇွန်း သုံးဇွန်း
- မြေပဲလှော် - မိမိနှစ်သက်သလောက်
- ခနောကြက်သားမှုန့် - ထမင်းစားဇွန်း တစ်ဇွန်း (သို့မဟုတ် ) အချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကြက်သွန်ဖြူ ဆီချက် - ထမင်းစားဇွန်း သုံးဇွန်း
- ပဲအကျက်မှုန့် - ထမင်းစားဇွန်း မောက်မောက် တစ်ဇွန်း
- ငရုတ်သီးအလှော်မှုန့် - အစပ်စားနိူင်သလောက်
- ကြက်သွန်နီ - အနေတော် နှစ်လုံး
- ဂေါ်ဖီ - အနေတော် တစ်စိတ်
- ဆီ - ထမင်းစားဇွန်း ဇွန်းနှစ်ဆယ်ခန့် (ဆီချက်ချက်ရန်)
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာခန့် (ဆီချက်ချက်ရန်)
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ဆီချက်ချက်ရန်)
ဆီချက်ချက်ရန်
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး အကွင်းလိုက် လှီးထားပါ
- ဒယ်အိုးထဲ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ မီးကိုအနည်းငယ်လျှော့ပြီး ကြက်သွန်ဖြူများ ထည့်ပေးပါ
- အကျက်ညီစေရန် မကြာမကြာ မွှေပေးပြီး ကြက်သွန်ဖြူများ ရွှေဝါရောင် သန်းလာတာနဲ့ဆယ်ပြီး ဆီစစ်ထားပါ
- ကြက်သွန်ကြော်နှင့် ချက်ထားသော ဆီချက်အေးသွားမှ နှစ်မျိုးလုံး ပြန်ရောပေးထားပါ
- ဆီချက်ကို လိုသလောက်ဘဲသုံးပြီး ကျန်ပိုနေသော ဆီချက်များကို သိမ်းထားပြီး နောက်ထပ် အသုပ်သုပ်လျှင် ယူသုံးနိူင်ပါတယ်။
ပြင်ဆင်ပုံ
- သရက်ချဉ်ကို ရေမပါအောင် အနည်းငယ် ညှစ်ပေးပါ
- ကြက်သွန်နီကို အခွံခွာပြီး ခပ်ပါးပါးလှီးကာ ရေဆေးပေးထားပါ
- ဂေါ်ဖီကို ခပ်ပါးပါး လှီးပေးကာ ရေဆေးထားပါ
- ပုဇွန်ခြောက်ကို ရေတစ်ထပ်ဆေးပြီး ညက်နေအောင် ထောင်းပေးထားပါ
- မြေပဲလှော်ကို အခွံချွတ်ပြီး သန့်စင်ပေးကာ မညက်တစ်ညက် ထောင်းပေးပါ
- ကျန်သော ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
- ဇလုံတစ်လုံးထဲမှာ သရက်ချဉ် မြေပဲထောင်း ကြက်သွန်နီ ဂေါ်ဖီ ငရုတ်သီးအလှော်မှုန့် ပုဇွန်ခြောက်မှုန့် ပဲမှုန့် ကြက်သားမှုန့် ကြက်သွန်ဖြူဆီချက်တို့ထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
- အငံအရသာအတွက် သရက်ချဉ်နှင့် ခနောကြက်သားမှုန့်တို့မှာ ပါပြီးသား ဖြစ်တဲ့အတွက် ထပ်ထည့်ရန် မလိုပါ
- အားလုံးကို ခပ်ဖွဖွ အရသာ၀င်အောင် နယ်ပေးပါ
- အရသာ နယ်ထားသော သရက်ချဉ်သုပ်ကို အရသာမြည်း၍ လိုသလို ပြင်ပေးကာ ကြာဇံဟင်းခါး ပူပူလေးနှင့် တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment