Friday 1 November 2019

ထန်းသီးဆံ ကျောက်ကျော


ထန်းသီးဆံဗူး

ကျောက်ကျောမှုန့်အထုတ်

ထန်းသီးဆံနှင့် သကြားရည်

ထန်းသီးဆံကို ခပ်ပါးပါး လှီးထားပါ

ကျောက်ကျောကျိုရန် အသင့်ပြင်ထားပါ

ကျိုပြီးတာနဲ့ ဗူးထဲ ထဲ့ပေးပါ

ခဲသွားအောင် အအေးခံပေးပါ

ခဲသွားတာနဲ့ ပန်းကန်ထဲ မှောက်ချပေးပါ

ကျောက်ကျောခဲသွားမှ မိမိနှစ်သက်သလို လှီးပါ

ဒီနေ့တော့ ထန်းသီးဆံ ဗူးလေးတွေ ဝယ်လာပြီး ကျောက်ကျောလေးတွေ လုပ်ဖြစ်ပါတယ် စားရတာ စိမ့်စိမ့်လေးနဲ့ စားလို့အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကျောက်ကျောမှုန့်  -25 g အထုတ် ( ရွှေဖလားတံဆိပ်အထုပ် တစ်ဝက်ကိုဘဲ သုံးပါ)
  2. ထန်းသီးဗူး - 565 g
  3. သကြား - 25 g
  4. ထန်းသီးဗူးထဲမှ သကြားရည် - 310 ml 
  5. ရေ - 350 ml (ကျောက်ကျောကျိုရန်)
  6. ရေ - 100 ml ( ကျောက်ကျောမှုန့် ဖျော်ရန်အတွက်)
  7. ကျောက်ကျောကျိုပြီးထည့်ရန် အပူခံမည့်ဗူး (သို့) ဗန်း - တစ်ခု
  8. ဇောက်နက်သော အနေတော်အိုး - တစ်လုံး
ပြင်ဆင်ပုံ
  • ထန်းသီးဆံဗူးကို ဖောက်ပေးပြီး အရည်များ စစ်ပေးပါ
  • ဗူးထဲမှ သကြားရည်ကို ကျောက်ကျိုရာမှာ ပြန်သုံးရန် ဖယ်ထားပါ
  • ထန်းသီးဆံကို ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ဇလုံထဲမှာ သကြား ရေ၁၀၀မီလီနှင့် ကျောက်ကျောမှုန့်တို့ကိုထဲ့ပြီး ကျောက်ကျောမှုန့်များ ပျော်သွားအောင် ဖျော်ထားပါ
  • ကျိုပြီးသား ကျောက်ကျောရည်ထည့်ရန် ပလပ်စတစ်ဗူး (သို့မဟုတ်) ဗန်းကို အဆင်သင့် ပြင်ထားပါ
  • ဇောက်နက်သော အနေတော် အိုးထဲတွင် ထန်းသီးဆံ ဗူးထဲမှ သကြားရည်နှင့် ကျောက်ကျောဖျော်ရည်တို့ကိုထည့်ပြီး ပွက်ပွက်ဆူအောင် ကျိုပေးပါ
  • ကျောက်ကျောရည်များ ပွက်ပွက်ဆူလာပါက မီးကို အလယ်လောက်အထိ လျှော့ပေးပြီး ကျိုပေးပါ
  • ကျိုနေသော ကျောက်ကျောရည်များ တော်တော်လေး ပျစ်လာတဲ့အထိ မွှေပေးပါ
  • မွှေနေစဉ်မှာ ကျောက်ကျောအရည်များ ပျစ်လာပါက ထန်းသီးဆံများကို ထဲ့မွှေပေးပါ
  • တစ်ဆက်ထဲမှာဘဲ ကျောက်ကျောရည်ကို ဇွန်းနှင့်ခပ်ကာ ပန်းကန်ပြား တစ်ချပ်ပေါ်မှာ ကျောက်ကျောရည် အစက်လေးကို ချပေးပါ
  • အစက်ချထားသော ကျောက်ကျောရည်ကို မိနစ်ဝက်လောက်နေရင် လက်ကလေးနဲ့ တွန်းကြည့်ပါ
  • ပန်းကန်ပြားထဲမှ ကျောက်ကျောရည် ခဲသွားပါက အဆင်သင့် ပြင်ထားသော ဗူးထဲသို့ ကျောက်ကျောရည်ကို လောင်းထည့်ပါ
  • ပြီးတာနဲ့ ခဲသွားတဲ့အထိ အခန်းအပူချိန်အတိုင်း အအေးခံပေးပါ
  • ကျောက်ကျောရည်များ ခဲသွားမှ ရေခဲသေတာထဲမှာ ထဲ့ထားပြီး မိမိနှစ်သက်သလို လှီးပေးပါ
  • မိမိနှစ်သက်သလို လှီးပေးပြီးတာနဲ့ အချိုပွဲအဖြစ် ထုတ်ထုတ် ထုတ်ထုတ်နဲ့ ဝါးလို့ကောင်းပြီး စားလို့ကောင်းလွန်းတဲ့ ထန်းသီးဆံ ကျောက်ကျောကို စားသုံးဖို့ ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment