Thursday 21 November 2019

ချဉ်ငံစပ် မုံလာဥအစိမ်းသုပ်





ဒီနေ့တော့ မုံလာဥကို အစိမ်းသုပ်ပြီး ထမင်းပူပူလေးနဲ့ စားဖို့ရာ ပြင်ဆင်ထားပါတယ် အသုပ်စုံလို့ ဆိုလိုက်တာနဲ့ ထမင်းကို မြိန်မြိန်စားနိုင်ဖို့ရာ အရံဟင်းတစ်မယ် အဖြစ်လဲ ပြင်ဆင်ပေးနိုင်ပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ မုန်လာဥဖြူ အစိမ်းသုပ် အသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. မုံလာဥ - ဥကြီးကြီး တစ်ဥ
  2. သံပုရာသီး - တစ်စိတ်
  3. နံနံပင် - အနေတော် လေးပင်ခန့်
  4. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ပဲအကျက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း
  6. ပုဇွန်ခြောက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း
  7. ငရုတ်သီး အလှော်မှုန့် - စားနိုင်သလောက်
  8. ကြက်သွန်ဖြူ ဆီချက် - ထမင်းစားဇွန်း တစ်ဇွန်းသာသာ
  9. ငရုတ်သီးဆီနီဆီချက် - ထမင်းစားဇွန်း တစ်ဇွန်း
  10. သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  11. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဝက်သာသာ
ပြင်ဆင်ပုံ
  • မုံလာဥကို အခွံခွာပြီး သေးသေးမျှင်မျှင်လေးတွေရအောင် ခြစ်ပေးပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ပါဝင်ပစ္စည်း အားလုံးပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်း အားလုံးကို ဇလုံထဲထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ အရသာမြည်းပြီး လိုအပ်သလို ပြင်ပေးကာ စားသုံးရန် ပန်းကန်တစ်ခုထဲ ပြောင်းထည့်၍ ပြင်ပေးကာ မုံလာဥ အစိမ်းသုပ် ကြွတ်ကြွတ် မွှေးမွှေးလေးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment