ဒီနေ့တော့ မျောက်ငိုသီးလေးတွေ ဝယ်ထားလို့ ဓညင်းသီးနံ့လေးလို မွှေးနေတဲ့ မျောက်ငိုသီးနဲ့ ဂဏန်းကို ထမင်းလွတ် စားမှာမို့လို့ ဂဏန်းကိုပေါင်းပြီး မျောက်ငိုသီး အစိမ်းနဲ့ ထောင်းပါတယ် ဒါကြောင့်မို့လို့ စားလို့အရမ်းကောင်းလွန်းတဲ့ မာမာပြင်ဆင်ပြီးထောင်းဖြစ်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- မျောက်ငိုသီး - မိမိစားနိူင်သလောက်
- ဂဏန်း - အကောင်ကြီးကြီး တစ်ကောင်
- ငရုတ်သီး အခြောက်တောင့် - ၅တောင့်
- ထန်းလျှက်ခဲ - ကွမ်းသီးဆံ အလုံးလောက် တစ်ခဲ
- အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကြက်သွန်ဖြူ- အမွှာကြီးကြီး ၃မွှာ
- ငါးငံပြာရည်အနောက် -ထမင်းစားဇွန်း တဇွန်း
- ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တဇွန်း
- ဂဏန်းငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- သံပုရာသီး - တစ်လုံး (အချဉ်ကြိုက်ပါက ပိုထည့်ပါ )
ပြင်ဆင်ပုံ
- မျောက်ငိုသီးကို ရေဆေးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
- သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်း ခြမ်းပေးထားပါ
- ဂဏန်းကို မလိုတာတွေဖယ်ပြီး ရေဆေးထားပါ
- ရေဆေးပြီးတာနဲ့ ပေါင်းအိုးဇကာထဲမှာ ထည့်ပေးပါ
- ပေါင်းအိုးအောက်ခံအိုးထဲမှာ ရေထည့်ပြီး ပေါင်းခံခုံနှင့် ပေါင်းခံဇကာကို ထည့်ပေးပြီး အဖုံးအုပ်ကာ ၅မိနစ် ခလုတ်ကို နှိပ်ပြီး ပြုပ်ပေးပါ
- ဂဏန်းပြုပ်ထားသော အချိန်ပြည့်တာနဲ့ အိုးအဖုံးဖွင့်ပြီး အေအးခံထားပါ
ဂဏန်းထောင်းရန်ပြင်ဆင်ပုံ
- ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ထန်းလျှက်ခဲ ကြက်သွန်ဖြူ ငရုတ်သီးအခြောက်တောင့်နှင့် ဆားတို့ကိုထည့်ပြီး မညက်တညက် ထည့်ထောင်းပါ
- အနည်းငယ် သမသွားတာနဲ့ ငံပြာရည် သုံးမျိုးလုံးနှင့် အရသာမှုန့်တို့ကို ထည့်ထောင်းပေးပါ
- ထောင်းနေစဉ် အရသာ သမသွားအောင် ဇွန်းအရိုးရှည်ရှည်နှင့် မွှေမွှေပေးပါ
- မိမိအသုံးပြုပြီး ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး မျောက်ငိုသီးကိုထည့်ပြီး ကြည့်ထောင်းပါ
- ကျောက်ကျည်ပွေ့ဆိုပါက ၅ချက်လောက် ခပ္ဖြဖြေလး ထောင်းပေးပါ
- သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၀ချက် လောက် ခပ်ဖွဖွလေး ထောင်းပေးမှ အရသာ၀င်ပါတယ်
- အရသာ သမလောက်ပြီဆိုတာနဲ့ ဂဏန်းနှင့် သံပုရာရည်တို့ကို ထည့်ပြီး ခပ်ဖွဖွလေး ၄ချက်လောက် ထောင်းပေးပါ
- ေထာင်းနေစဉ် အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရသာ ရတဲ့အထိ ပြင်ပေးပါ
- ပြီးတာနဲ့ ဂဏန်း မျောက်ငိုသီးထောင်း ချိုချဉ်ငံစပ်လေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment