Tuesday 17 September 2019

သံပုရာရည် စမုသီ




သံပုရာရည် ချိုချဉ်အေးအေး မွှေးမွှေးလေးကို ရင်ထဲမှာအေးပြီး ခံတွင်းရှင်းရလေအောင် စမုသီလေးလုပ်ကာ ဖျော်ဖြစ်တဲ့အတွက် လွယ်ကူမြန်ဆန်လွန်းတဲ့ ဖျော်နည်းလေး မျှဝေလိုက်ပါတယ်။

ရေခဲကိုတော့ ရေခဲခြစ် မရှိတဲ့အတွက် အသီးကြိတ်တဲ့ ဘလင်ဒါထဲမှာ နည်းနည်းချင်း ထည့်ပြီး ကြိတ်လိုက်ပါတယ်။

ရေခဲကို ညက်နေအောင် ကြိတ်ပြီးမှ သံပုရာရည်နဲ့ရောကာ စမုသီလေး ပြင်ထားတာမို့ လွယ်ကူမြန်ဆန်ပြီး တဖြည်းဖြည်းချင်းနဲ့ တစိမ့်စိမ့် သောက်နိူင်ပါတယ်။

ပါ၀င်ပစ္စည်းများ

သံပုရာသီး - ခပ်ကြီးကြီး တလုံး
သကြား - ထမင်းစားဇွန်း တဇွန်း (အချိုကြိုက်ပါက ပိုထည့်ပါ)
ဆား - လက်ညှိုးနှင့် လက်မအကြား တညှစ်စာ
ရေ - 1 cup
ရေခဲတုန်း - 1 cup
အသီးအရွက်ကြိတ်သော - ဘလင်ဒါ
ပြင်ဆင်ပုံ
သံပုရာသီးကို ရေဆေးပီး ထက်ဝက်ခြမ်းပေးကာ အစေ့များ ဖယ်ပေးပြီး အရည်ညှစ် ပေးထားပါ
သကြား ဆား ရေနှင့် ရေခဲတုန်းတို့ကို ပြင်ထားပါ
အားလုံးအဆင်သင့် ဖြစ်တာနဲ့ ရေခဲတုန်း ရေ ဆားနှင့် သကြားတို့ကို ဘလင်ဒါထဲ ထည့်ပေးပါ
ရေခဲများကို နည်းနည်းချင်းထည့်ပြီး ကျေပြီးသမသွားအောင် ကြိတ်ပေးပါ
ပြီးတာနဲ့ ကြိတ်တ်ထားသော ရေခဲကို ဖန်ခွက်ထဲ့ကာ သံပုရာရည်ကို အပေါ်မှ လောင်းချပေးပါ
 သန့်ရှင်းလတ်ဆတ်သော သံပုရာရည် စမုသီ ချိုချဉ်အေးအေး မွှေးမွှေးလေးကို ရွှေရင်အေးမြပြီး ခံတွင်းရှင်းသွားအောင် သောက်သုံးနိူင်ပါပြီ။ 

No comments:

Post a Comment