Thursday 6 September 2018

Papaya Orange Smoothie










ဒီနေ့တော့ လိမ္မော်သီးနဲ့ သင်္ဘောသီးကိုရောပြီး သမီးငယ်အတွက်  Papaya Orange Smoothie လုပ်ပေးဖြစ်တာနဲ့ လွယ်ကူမြန်ဆန် Smoothie လုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
လိမ္မော်သီး - ခပ်ကြီးကြီး တစ်လုံး
သင်္ဘောသီး - ၃စိတ်
သကြား - ထမင်းစားဇွန်း တစ်ဇွန်း
ရေ - 1cup
ရေခဲတုန်း - 1cup
ဘလင်ဒါ
ပြင်ဆင်ပုံ
သင်္ဘောသီးကို အခွံခွာပြီး အထဲမှ အစေ့ထုတ်ကာ အနေတော် အတုံးလေးတွေ တုံးပေးထားပါ
လိမ်မ္မော်သီးကို အရည်ညှစ်ထားပါ
သကြား ရေနှင့် ရေခဲတုန်းတို့ကို ပြင်ထားပါ
အားလုံးအဆင်သင့်ဖြစ်တာနဲ့ ရေခဲတုန်း ရေ သကြား သင်္ဘောသီးနှင့် လိမ္မော်ရည်တို့ကို ဘလင်ဒါထဲထည့်ပေးပါ
အားလုံးကို ကျေပြီးသမသွားအောင် ကြိတ်ပေးပါ
ပြီးတာနဲ့ Papaya Orange Smoothie ကို မိမိနှစ်သက်သော ဖန်ခွက်ထဲထည့်ပေးကာ ရွှေရင်အေးမြသွားအောင် သုံးဆောင်နိူင်ပါပြီ။ 

No comments:

Post a Comment