ဒီတခါတော့ စားလို့အရမ်းကောင်းလွန်းတဲ့ အာလူးထောင်းနည်းလေး မှြှဝပေေးခငြျပါတယျ နာဂတောင်တန်းမှာနေစဉ်တုန်းက နေ့စဉ်ထမင်းဝိုင်းမှာ မပါမဖြစ်တဲ့ အရံဟင်းတမယ်ပါ။
မြန်မာမိသားစု ထမင်းဝိုင်းမှာ မပါမဖြစ် ငါးပိရည် ငါးပိထောင်းတို့ မပါရင် မစားတတ်သလိုဘဲ အေးလွန်းတဲ့ တောင်တန်းပေါ်မှာလဲ ရွှေလံဘိုငရုတ်သီးစပ်စပ်လေးနဲ့ အာလူးထောင်းလေးပါမှ ထမင်းစားလို့ ြမိန်တတ်ကြပါတယ်။
မာမာအခု ရေးပေးထားတဲ့အထဲမှာ နံနံပင်နဲ့ မုန့်ညှင်းချဉ်ပါပါတယ် မိတ်ဆွေတို့မှာ အလွယ်တစ်ကူ မရှိရင်လဲ မထည့်လဲ ရပါတယ် မာမာလဲ နံနံပင်ကုန်နေလို့ မထည့်ထားပါဘူး မုန့်ညှင်းချဉ်အစား သံပုရာရည်ရည်လေး အနည်းငယ် ထည့်ပေးရင်ရပါတယ် အစပ်မစားတဲ့ သူတွေကလဲ အစပ်ကို လျှော့ပြီးမှ ထည့်ထောင်းစေချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- အာလူး - အနေတော် ၅လုံး
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၂မွှာ
- ကြက်သွန်နီ - အနေတော် တစ်ဥ
- ချင်း -လက်တစ်ဆစ် မရှိတစ်ရှိ
- နံနံပင် - မိမိနှစ်သက်သလောက်အ
- ရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်င
- ရုတ်သီးအစပ် အခြောက်တောင့် - ၆တောင့်ခန့်
- ငရုတ်သီးလုံးခြမ်းခွဲ - ထမင်းစားဇွန်း ၃ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (၂မျိုးသုံးရန်)
- ဆီ - ထမင်းစားဇွန်း ၃ဇွန်း (အာလူးထောင်း ကြော်ရန်)
- ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး သာသာ (ငရုတ်သီးကြော်နှင့် ကြက်သွန်ဖြူကြော်ရန် )
- မုန့်ညှင်းချဉ် - လှီးပြီးသာ ထမင်းစားဇွန်း သုံးဇွန်း
- နံနံပင် - မိမိနှစ်သက်သလောက်
ပြင်ဆင်ပုံ
- အာလူးကို ရေမြုပ်အောင်ထည့်ပြီး နူးအောင်ပြုပ်ပေးပါ
- အာလူးနူးပါက ရေစိမ်ပြီး အေအးခံကာ အခွံခွာပေးပါ
- အခွံခွာပြီးပါက ငရုတ်ဆုံထဲထည့်ကာ ကြေညက်သွားအောင် ထောင်းပေးပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
- ကြက်သွန်ဖြူ ၁၂မွှာခန့်ကို အခွံခွာပြီး ရေဆေးကာ မညက်တညက် အေနအထားရအောင် ထောင်းပေးပါ
- ကျန်နေသောကြက်သွန်ဖြူ ၃မွှာကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
- ချင်းကိုအခွံခွာကာ ရေဆေးပြီး ညက်နေအောင် ထောင်းပေးပါ
- ငရုတ်သီး အခြောက်တောင့်ကို အညှာခြွေကာ ရေဆေးပြီး ခက်ကြမ်းကြမ်း ထောင်းပေးထားပါ
- မုန့်ညှင်းချဉ်ကို ခပ်သေးသေးလေးတွေ လှီးထားပါ
- နံနံပင်ကို ရေဆေးထားကာ အနေတော် လှီးထားပါ
- ငရုတ်သီးလုံးခြမ်းခွဲ မုန့်ညှင်းချဉ် အရသာမှုန့် ငံပြာရည် ဆား နနွင်းမှုန့် နှင့်ဆီတို့ကို အဆင်သင့် ပြင်ထားပါ
ငရုတ်သီးကြော်နှင့် ကြက်သွန်ဖြူကြော်ရန်
- ဆီကိုဒယ်အိုးထဲထည့်ပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တဝက်ထည့်ကာ အပူပေးပါ
- ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီး မညက်တညက် ထောင်းထားတဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပါ
- ကြော်နေစဉ် မကြာမကြာ မွှေပေးပါ
- ရွှေဝါရောင်လေး သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
- အိုးထဲမွ ဆီချက်များကို ထမင်းစားဇွန်း ၃ဇွန်းလောက် ခပ်ထားကာ ကြွေပန်းကန်ထဲသို့ ပြောင်းထည့်ပေးထားပါ
- ဆီအိုးကို ပြန်အပူပေးပြီး ဆီပူတာနဲ့ မီးပိတ်ပေးပါ
- ပြီးတာနဲ့ ထိုဆီအိုးထဲကို ငရုတ်သီးလုံးခြမ်းခွဲ မိနစ်ဝက်လောက် ထည့်မွှေကာ ပန်းကန်ထဲ ပြောင်းထည့်ပေးပါ
အာလူးထောင်း ကြော်ရန်
- ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံခန့်ကို ထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းနှင့် ငရုတ်သီးထောင်းတို့ကို ထည့်ကြော်ပါ
- ငရုတ်သီးကြော် ဆီသတ်နေစဉ် မကြာမကြာ မွှေပေးပါ
- ငရုတ်သီးနံ့လေး သင်းလာတာနဲ့ မုန့်ညှင်းချဉ်ကို ထည့်ကြော်ပါ
- မုန့်ညှင်းချဉ်နံ့လေး သင်းလာတာနဲ့ ထောင်းထားသော အာလူးထောင်းကို ထည့ျမှေှပေေးပါ
- တချိန်ထဲမှာဘဲ ဆား ငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ကာ မွှေပေးပါ
- အာလူးထောင်းထည့်ပြီး ကြော်ချိန် ၂မိနစ်လောက်ဆို အရသာမြည်းပြီး လိုသလို ပြင်ပေးကာ မီးပိတ်ပေးပါ
စားပွဲပြင်ရန်
- မိမိနှစ်သက်ရာ ပန်းကန်တချပ်ထဲမှာ အာလူးထောင်းကို ထည့်ပေးပါ
- အာလူးထောင်းအပေါ်မှာ ကြက်သွန်ဖြူဆီချက်ဖတ် ငရုတ်သီးဆီချက်ဖတ်နှင့် နံနံပင်တို့ကို ထည့်ပေးပါ
- အဆင်သင့်ဖြစ်တာနဲ့ ရေနွေးကြမ်းလေးနဲ့ဘဲ သုံးဆောင် သုံးဆောင် ထမင်းပူပူလေးနဲ့ဘဲ စားစား အရမ်းကို စားလို့ကောင်းတဲ့ အာလူးထောင်း စပ်စပ်လေး ရပါပြီ။
No comments:
Post a Comment