Friday 7 September 2018

ငါးပိရည် တို့စရာ






ဒီနေ့တော့ အိမ်ရှင်မတွေ အလွယ်တကူနဲ့ အမှိုက်ပုံးထဲ လွှင့်ပြစ်တတ်ကြတဲ့ ပန်းဂေါ်ဖီ အရိုးနုလေးတွေကို တို့စရာအဖြစ် ပြင်ဆင်လို့ရတဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပန်းဂေါ်ဖီ ဝယ်တဲ့အခါမှာ ပန်းပွင့်မှာ ကပ်ပြီးပါလာလေ့ရှိတဲ့ အရိုးနုလေးကို တချို့က စားရကောင်းမှန်း မသိသလို တချို့ကလဲ အရသာမရှိဘူး အထင်နဲ့ အရိုးရင့်တွေဆိုပြီး ပြစ်ပလိုက်တတ်ကြပါတယ်။

မာမာကတော့ ပန်းဂေါ်ဖီ ဝယ်လာရင် အရိုးလေးတွေ ပါလာတိုင်း တို့စရာ လုပ်တတ်သလို အရိုးလေးတွေကို ချဉ်ရည်ဟင်းလဲ ချက်တတ်ပါတယ် ဒါကြောင့်မို့လို့ ဖယ်ထားတဲ့ အရိုးလေးတွေကို ဒီနေ့တော့ တို့စရာအတွက် ပြုပ်ထားလို့ ပြင်ဆင်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပြင်ဆင်ပုံ
  1. ပန်းဂေါ်ဖီမှ အရိုးများကို ဖယ်လိုက်ပါ
  2. ရင့်နေသော နေရာများကို ဓားဖြင့်လှီးပြီး ဖယ်ပေးပါ
  3. အရိုးများကို ရေစင်အောင် ဆေးပေးပါ
  4. ဇောက်နက်သော အိုးတလုံးထဲမှာ ပန်းဂေါ်ဖီ အရိုးများကို ရေမြုပ်အောင် ထည့်ပြီးတည်ပေးပါ
  5. အရိုးများ နူးအောင်တည်ပေးပါ
  6. အရိုးနူးတာနဲ့ ရေပူများ သွန်လိုက်ပြီး ရေအေးဖြင့် စိမ်ထားပါ
  7. ပြီးတာနဲ့ တို့စရာအဖြစ် အခြားတို့စရာများနှင့်အတူ ရောပြီးပြင်ပေးနိူင်ကာ ငါးပိရည်ဖျော် မွှေးမွှေးလေးနှင့်တွဲဖက်ကာ တို့စရာအဖြစ် ပင်နိူင်ပါပြီ
  8. တို့စရာအဖြစ် မပြုပ်ဖြစ်ပါက တခြားအသီးအရွက်များနှင့် အတူရောပြီး ချဉ်ရည်ဟင်း ချက်နိူင်ပါသေးတယ်ပ
  9. န်းဂေါ်ဖီရိုးများကို ချက်ချင်းမချက်ဖြစ်သေးပါက အရိုးများကို ရေမဆေးဘဲ ပလပ်စတစ် အိတ်ထဲထည့်ကာ ရေခဲသေတ္တာ အသီးအရွက်ထည့်သော အကန့်ထဲမှာ သိမ်းထားနိူင်ပါတယ်။
  10. ကြာကြာအထားခံအောင် သိမ်းချင်ရင်တော့ ပန်းဂေါ်ဖီရိုးများကို ရေဆေးကာ နူးအောင်ပြုပ်လိုက်၍ ရေအေးစိမ်ပြီး ရေစစ်ကာ လေလုံသော ပလပ်စတစ်အိတ်ထဲထည့်ကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည်ပြီး သိမ်းထားနိူင်ပါတယ်။ 

No comments:

Post a Comment