ချဉ်ငံစပ် ပဲပုတ်ထောင်း
ဘာဆာငါးပြား
ဒယ်အိုးထဲထည့်ပြီး ကင်ပေးပါ
ပဲပုတ်မီးကင် ခရမ်းချဉ်သီးမီးကင်
ကြက်သွန်နီမီးကင် ငါးမီးကင်
ငရုတ်သီးခြောက်နှင့် နံနံပင်
ငရုတ်ဆုံထဲမှာ ထည့်ထောင်းပါ
ကောက်ညှင်းပေါင်း
ကောက်ညှင်းပေါင်းအိုး
ဒီနေ့တော့ ရာသီဥတုက အရမ်းချမ်းနေတယ် -2° c ဆိုတော့ ရာသီဥတုကို အံတုဖို့အတွက် အရမ်းစပ်ပြီး စားလို့ကောင်းတဲ့ ပဲပုတ်ထောင်း ချဉ်ချဉ် စပ်စပ်လေးရယ် ကောက်ညှင်းပေါင်း ပူပူလေးရယ် တွဲပြီးစားဖို့အတွက် မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ ပဲပုတ်ထောင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
- ဘာဆာငါး - တစ်ပြား
- ငရုတ်သီးအခြောက်တောင့် - မိမိနှစ်သက်သလောက်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
- ခရမ်းချဉ်သီး - အလုံးကြီးကြီး ၂လုံး
- နံနံပင် - မိမိနှစ်သက်သလောက်
- ပဲပုတ်ပြား - ၃ပြား
- သံပုရာသီး - အနေတော် တစ်လုံး
- ကောက်ညှင်းပေါင်းပြီးသား - စားနိုင်သလောက်
ပြင်ဆင်ပုံ
- ကြက်သွန်ဖြူကို တစ်မွှာခြင်းခွာပြီး အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ ထည့်လှော်ပေးပါ
- ပြီးတာနဲ့ အပြင်ခွံများ ခွာထားပေးပါ
- ငါးကိုလဲ ရေဆေးကာ ကို မီးသွေးမီးဖိုရှိက ကျက်အောင်ကင်ပေးပါ (သို့မဟုတ်)
- အသားထူသော ဒယ်အိုးထဲမှာ ငါးရဲ့အပေါ်ယံ ကျွမ်းယောင်သန်းလာထိ ထည့်ကင်ပေးပါ
- ခရမ်းချဉ်သီးကိုလဲ ဒယ်အိုးထဲထည့်ကာ အပြင်ခွံများ ကျွမ်းသွားအောင် ကင်ပေးပါ
- ပြီးတာနဲ့ အပြင်ကျွမ်းနေသော အရာများဖယ်ပြီး ရေဆေးထားပါ
- ပဲပုတ်ကိုလဲ မီးဖိုပေါ်မှာ ဒယ်အိုးကိုတင်ပြီး ဒယ်အိုးထဲထည့်ကာ မွှေးလာတဲ့အထိ ကင်ပေးပါ
- နံနံပင်ကိုလဲ ရေဆေးပြီး ခပ်မြ်းကြမ်း လှီးထားပါ
- ပြီးတာနဲ့ ပါဝင်တာတွေကို ပြင်ထားပေးပါ
- ပးပါ
- အားလုံးအဆင်သင့်ဖြစ်တာနဲ့ ငရုတ်ဆုံထဲမှာ ပဲပုတ်နှင့် ငရုတ်သီး အခြောက်တောင့်တို့ကို အရင်ဆုံး ညက်အောင်ထောင်းပေးပါ
- ပြီးတာနဲ့ ငါးကိုညက်အောင် ထည့်ထောင်းပါ
- ငါးညက်ပြီဆိုတာနဲ့ ဆား အရသာမှုန့် ငံပြာရည် ကြက်သွန်ဖြူနှင့် နံနံပင်တို့ကို ငရုတ်ဆုံထဲထည့်ပြီး ညက်နေအောင် ထောင်းပးပါ
- အားလုံးသမသွားပြီ ဆိုတာနဲ့ အရသာမြည်းကာ လိုသလို ပြင်ပေးပါ
- အချဉ်အရသာ ပေါ့နေပါက သံပုရာရည်ထည့်ပြီး မွှေပေးနိုင်ပါတယ်
- အရသာ ကောင်းမွန်လွန်းတဲ့ ပဲပုတ်ထောင်း အဖျော်မွှေးမွှေးလေးကို ကောက်ညှင်းပေါင်း ပူပူလေးနဲ့ တွဲဖက်ကာ အရသာရှိစွာ မိန်ယှက်စွာ စားသုံးနိုင်ပါပြီ။
No comments:
Post a Comment