Thursday 27 September 2018
ဇီးယို
ဒီတခါတော့ နိုင်ငံရပ်ခြားမှာ ရောက်နေပြီး ဇီးယိုလေး စားချင်လိုက်တာလို့ လာလာပြောကြတဲ့ မိတ်ဆွေတွေအတွက် ဇီးသီးအစို ဇီးသီးအခြောက်လေးတွေ မရတဲ့အခါမှာ အလွယ်တစ်ကူ ယိုထိုးစားနိုင်မဲ့ နည်းလေး မာမာကိုယ်တိုင် စမ်းသပ်ထားလို့  အောင်မြင်တဲ့အတွက် ပြောပြချင်ပါတယ်။
ဈေးကိုသွားတော့ ဒီနိုင်ငံကလူတွေ အစာပြေ စားတတ်တဲ့ ဇီးယိုထုတ်လေး တွေ့တာနဲ့ စိတ်ထဲမှာ  ပေါ်လာတာက ဒီဇီးယိုထုတ်လေးကို အမွှေးအရသာ အစပ်အရသာ အငံအရသာလေးတွေ ထပ်ထည့်ပြီး ဇီးယိုလေးထိုးရင် ကောင်းမယ်ဆိုပြီး စိတ်​ကူးရသွားခဲ့ပါတယ်။
အချိုအရသာကလွဲပြီး လိုတာလေးတွေပြင်ဆင်ကာ ချိုချဉ်ငံပြီး စပ်နေတဲ့ ဇီးယိုလေး ထိုးဖြစ်တဲ့အတွက် မာမာကိုယ်တိုင် စိတ်ကူးအကောင်အထည် ဖော်ထားတဲ့ ဇီးယိုထိုးနည်းလေး ထပ်မံပြီး မျှဝေလိုက်ပါတယ်။
ဒီအထုတ်​လေးကိုတော့ Woolworths & Coles တို့မှာ အလွယ်​​တကူ ဝယ်​လို့ရပါတယ်​ ဈေးလဲအရမ်းမများပါဘူး 500 g တထုတ်​ကို $6 လောက်​ဘဲ ပေးရပါတယ်​။
ပါဝင်ပစ္စည်းများ
  1. အစေ့ထုတ်ထားသော ဇီးယိုတထုတ် - 500 g
  2. ငရုတ်သီးအစပ် အကြမ်းမှုန့် - လက်ဖက်ရည်ဇွန်းမောက်မောက် ၂ဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. လေးညှင်း - ၃ပွင့်
  5. ဖာလာ - ၂စေ့
  6. နာနတ်ပွင့် -၂ပွင့်
  7. ဇီယာစေ့ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
ပြင်ဆင်ပုံ
  1. အစေ့ထုတ်ထားသော မက်မန်းဇီးယိုထုတ်ကို ဖောက်ထားပါ
  2. ရေနှင့် ပါဝင်ပစ္စည်းများကို ဇောက်နက်သော အိုးထဲကို ထည့်ပေးပါ
  3. မီးအနေတော်နှင့် ကျိုပေးပါ
  4. ရေခမ်းပြီး ဇီးယိုအရသာ အနံ့လေး မွှေးလာပါက မီးပိတ်ပြီး အအေးခံထားပါ
  5. ပြီးတာနဲ့ မြန်မာဇီးသီး ဇီးယိုလိုဘဲ အရသာ ရှိလွန်းတဲ့ မက်မန်းဇီးယို ချိုချဉ်ငံစပ် မွှေးမွှေးလေးကို မိမိနှစ်သက်သလို စားသုံးနိုင်ပါပြီ။
1 comment:
  1. တီမာ​ရေ သမီးလုပ်​စားကြည့်​ပြီးပြီ ချိုချိုစပ်​စပ်​​လေးဆို​တော့ အိမ်​က အဖွားတို့အ​ဒေါ်တို့ မစားနိုင်​​ပေမယ့်​ က​လေး​တေ အရမ်းကြိုက်​ကြတယ်​ တီမာ
    တခြားယိုလုပ်​နည်း​လေး​တွေလည်းတင်ေ​ပးပါဦး ​ရှောက်​ယို နာနတ်​ယို ရဲယို ခရမ်းချဉ်​သီးယို လိုမျိုး​လေး​တွေ အရမ်းကြိုက်​တတ်​​တော့ အပြင်​မှာလည်း ဝယ်​စားရတာထက်​ ကိုယ်​တိုင်​လုပ်​ပြီး ကြာကြာထားစားချင်​လို့ ​ရေရှည်​အထားခံဖို့ ယိုထိုးချိန်​ ​ဆောင်​ရန်​​ရှောင်​ရန်​​လေး​တွေပါ ​ပြော​ပေးပါဦး​နော်
    ReplyDelete