Thursday 13 September 2018

ငါး အာလူးထမင်းနယ်


ချက်ပြီးသား ထမင်း

ပြုပ်ပြီးအခွံခွာထားသော အာလူး

ငါးပြုပ်ရန်အတွက်

ပြုပ်ထားသော ငါး

နံနံပင် မြေပဲလှော် ငရုတ်သီးဆီချက် ကြက်သွန်ဖြူ
ဆီချက်

အရသာနယ်ရန်ပြင်ထားပုံ

ငါးအာလူးထမင်းနယ်ရန်

အားလုံးကို ရောနယ်ပေးပါ

အရသာနယ်ပြီးသော ငါးအာလူးထမင်းနယ်

ဒီနေ့တော့ ဟင်းတွေနဲ့ ထမင်းတွေ စားလာရတာ ရိုးအီသလို ဖြစ်လာလေတော့ ပါးစပ်ထဲမှာစိမ့်ပြီး စားလို့အရမ်းကောင်းလွန်းတဲ့ ငါးအာလူး ထမင်းနယ် စိမ့်စိမ့်လေး လုပ်စားဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ဖြစ်တဲ့ ငါးထမင်းနယ် နယ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. အာလူး - အလုံးကြီးကြီး ၃လုံး
  2. ဘာဆာငါး - ခပ်ကြီးကြီး တစ်ပြား (သို့မဟုတ်) ငါးရံ့  - အနေတော် တစ်ကောင်
  3. ဆန်  -  ပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး (အပျော့ဆန်ကိုသုံးပါ)
  4. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၁၅မွှာ (ဆီချက်ချက်ရန်)
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  7. ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  8. နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ (ငါးပြုပ်ရန် ဆီချက်၂မျိုးချက်ရန်)
  9. ငရုတ်သီး အခြောက်တောင့် - ၁၅တောင့်ခန့်
  10. မြေပဲကြော် - နှစ်သက်သလောက်
  11. နံနံပင် - မိမိနှစ်သက်သလောက်
  12. ငါးငံပြာရည် - လိုသလောက်သုံးပါ
  13. ဆီ - ဆီချက်၂မျိုးချက်ရန် လိုသလောက် သုံးပါ
  14. ဆီ - ထမင်းစားဇွန်း သုံးဇွန်း (ငရုတ်သီးအခြောက်တောင့်ကြော်ရန်)
ဆီနီဆီချက်ချက်ရန်
  1. ငရုတ်သီး အစိမ်းမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  2. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးစာ
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့် တို့ကိုထည့်ပြီး အပူပေးပါ
  5. ဆီပူလာတာနဲ့ ဒယ်အိုးကို မီးဖိုပေါ်မှ ဖယ်ပေးပြီး ငရုတ်သီး အစိမ်းမှုန့်ကို ခပ်မြန်မြန်လေး ထည့်ပေးပါ
  6. ပြီးတာနဲ့ အကျက်ညီစေရန် ဇွန်းနဲ့ မွှေပေးပါ
  7. ငရုတ်သီးနံ့လေး သင်းလာတာနဲ့ ပန်းကန်တစ်ခုထဲကို ပြောင်းပြီးထည့်ပေးထားပါ
ကြက်သွန်ဖြူ ဆီချက် ချက်ရန်
  1. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၁၅မွှာ
  2. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ငရုတ်ဆုံထဲထည့်ပြီး မညက်တစ်ညက် ထောင်းပေးပါ
  5. ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့် တို့ကိုထည့်ပြီး အပူပေးပါ
  6. ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ ထောင်းထားသော ကြက်သွန်ဖြူကို ထည့်ပေးပါ
  7. ပြီးတာနဲ့ အကျက်ညီစေရန် မကြာမကြာ မွှေပေးပါ
  8. ဆီချက်ဖတ်များ ရွှေဝါရောင်လေး သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးကာ အအေးခံထားပါ
  9. ဆီချက်ကိုလဲ အအေးခံထားပါ
  10. နှစ်မျိုးစလုံး အေးသွားပြီ ဆိုရင်တော့ ပန်းကန်တစ်ခုထဲမှာရောပြီး ထည့်ထားပေးပါ
ငါးပြုပ်ရန်
  1. ငါးကိုရေစင်အောင် ဆေးပေးပါ
  2. ဇောက်နက်သော အိုးတစ်လုံးထဲမှာ ငါး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ငါးကိုရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  3. ရေခမ်းတာနဲ့ ငါးကိုအအေးခံပြီး ကျေသွားအောင် ချေပြီး လုံးထားပါ
  4. အရိုးပါတဲ့ ငါးကိုသုံးရင်တော့ အရိုးပါ တစ်ခါထဲထွင်ပြီး လုံးထားပါ
ထမင်းချက်ရန်
  1. ဆန်ကို ရေနှစ်ထပ်လောက် ဆေးပေးပါ
  2. ရေဆေးပြီးတာနဲ့ ဆန်နှင့်အတူ ရေကိုပါ ထမင်းပေါင်းအိုးထဲ ထည့်ပေးပြီး ကျက်သွားအောင် တည်ပေးထားပါ
  3. ထမင်းကျက်သွားတာနဲ့ လက်ဝါးနှစ်ဖက်ထဲ ဆန့်သလောက်ထည့်ပြီး စေးပိုင်နေအောင် လုံးပေးထားပါ
အာလူးပြုပ်ရန်
  1. အာလူးကို ရေဆေးပြီး ဇောက်နက်သော အိုးထဲမှာ ထည့်ပေးပါ
  2. ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အာလူးနူးတဲ့အထိ ပြုပ်ပးပါ
  3. အာလူးနူးတာနဲ့ ဆယ်ပြီးအအေးခံကာ အခွံခွာပေးပါ
  4. အာလူးအေးသွားတာနဲ့ စေးပိုင်နေအောင် နယ်ပေးထားပါ
ငရုတ်သီး အခြောက်တောင့် ကြော်ရန်
  1. ငရုတ်သီး အခြောက်တောင့်များကို အဝတ်စ သန့်သန့်နှင့် ဖုန်များသဲများ စင်သွားအောင် သုတ်ပေးပါ
  2. အနေတော် ဒယ်အိုးတစ်လုံးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  3. ဆီပူလာတာနဲ့ မီးကိုပိတ်လိုက်ကာ ချက်ချင်းဘဲ ငရုတ်သီး အခြောက်တောင့်များကို ထည့်မွှေပေးပါ
  4. ငရုတ်သီးကြော်က ကျွမ်းလွယ်တဲ့အတွက် အိုးထဲထည့်ပြီးတာနဲ့ အဆက်မပြတ် မွှေပေးပါ
  5. ငရုတ်သီးအရောင် ညိုရောင်ရောင်လေး သန်းသွားတာနဲ့ ဆယ်ပြီးဆီစစ်ပေးထားပါ 

ငါး အာလူးထမင်းနယ်ရန် ပြင်ဆင်ပုံ
  • ပါဝင်သော ပစ္စည်းများကို ပြင်ထားပါ
  • မြေပဲလှော်​ကို အခွံချွတ်ပြီး သန့်​ထားပါ
  • နံနံပင်ကို ရေဆေးပြီး သင့်သလို လှီးထားပါ
  • ဇလုံကျယ်ကျယ် တစ်လုံးထဲမှာ ထမင်း အာလူး ငါး ဆား ငံပြာရည် အရသာမှုန့်နှင့်ဆီချက်နှစ်မျိုးတို့ကိုသင့်သလိုထည့်ပေးပြီး စေးပိုင်လာအောင် နယ်ပေးပါ
  • အားလုံးကိုရောပြီး နယ်ပြီးပါက ကိုယ်နှစ်သက်သလို ငါးအာလူး ထမင်းနယ်ကို ပုံဖေါ်ကာ ထမင်းအပေါ်မှ ကြက်သွန်ဖြူကြော် ငရုတ်သီးဆီချက် နံနံပင်နှင့် မြေပဲတို့ တင်ပေးပြီး မြှိန်ယှက်စွာ စားသုံးနိုင်ပါပြီ။
မှတ်ချက် ။။ အရသာမှုန့်ကို မိမိနှစ်သက်သော အချိုမှုန့် ကြက်သားမှုန့် အသီးအရွက် အရသာမှုန့် အစရှိသည်တို့ကို အစားထိုးပြီး သုံးပေးပါ။

No comments:

Post a Comment