Friday 21 September 2018

သတ်သတ်လွတ် ခရမ်းသီးကြော်ချက်














ဝါတွင်းအခါ သမယမှာဘဲဖြစ်ဖြစ် အသားမစားချင်လို့ အသီးအရွက်လေးတွေဘဲ စားချင်ရင်ဘဲဖြစ်ဖြစ် သတ်သတ်လွတ် စားနေတဲ့ သူတွေအတွက် အဆင်ပြေစေမဲ့ ဟင်းတမယ်အတွက် ခရမ်းသီး ကြော်ချက် ချက်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ခရမ်းသီးအရှည်သီး - အလုံးသေး 350 g
  2. ကြက်သွန်နီ - အနေတော်တဥ
  3. အခွံခွာပြီး ခပ်နုတ်နုတ် လှီးထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  4. ဆားကြမ်း - ထမင်းစားဇွန်း  တစ်ဇွန်း ခရမ်းသီး နယ်ရန်
  5. ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  7. ဂျုံမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
  8. ဆီ - ထမင်းစားဇွန်း ၆ဇွန်း

ပြင်ဆင်ပုံ
  • ခရမ်းသီးကို အညှာနားထိ ပြတ်အောင်လှီးပြီး လေးစိတ်လှီးပေးပါ
  • ပြီးတာနဲ့ ခရမ်းသီးနှင့် ဆားကြမ်းကို ဇလုံတလုံးထဲထည့်ပြီး နယ်ထားကာ နာရီဝက်လောက် ထားထားပါ
  • နာရီဝက်လောက် ရတာနဲ့ အညိုရောင်အရည်များ ထွက်သွားအောင် ရေစင်အောင်ဆေးပါ
  • ၃ထပ်လောက် ရေဆေးပြီးတာနဲ့ ခရမ်းသီးကို လက်နှစ်ဖက်နှင့် အားပါပါ ညှစ်ပေးကာ ရေစစ်ထားပေးပါ
  • ရေစစ်ပြီးတာနဲ့ ဇလုံတလုံးထဲမှာ ခရမ်းသီးနှင့် ဂျုံမှုန့်တို့ကို ခပ်ဖွဖွလေး နယ်ပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးပေးထားပါ 
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဆား ဆီ အရသာမှုန့် တို့ကို ပြင်ထားပေးပါ
  • ဒယ်အိုးတလုံးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ကို ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ခရမ်းသီကို ထည့်ကြော်ပေးပါ 
  • အိုးမကပ်စေရန် မကြာမကြာ မွှေပေးပါ 
  • ခရမ်းသီးများ အနည်းငယ် မာလာတာနဲ့ ဘေးမှာ ခနတွန်းထားပြီး ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို နွမ်းရုံလေး ကြော်ပေးပါ
  • ပြီးတာနဲ့ ဘေးမှာတွန်းထားတဲ့ ခရမ်းသီးကြော်နှင့် ရောမွှေပေးပါ
  • ဆားနှင့် အရသာမှုန့်ကို ရောမွှေပေးပြီး မမာ မပျော့  အနေအထားလေးရအောင် ကြော်ပေးပါ
  • အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ခရမ်းသီးကြော် မွှေးမွှေးလေးကို ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment