Sunday 22 July 2018

Chicken pad Thai


တခါတလေ ရာသီဥတုကြောင့် ထမင်းမစားချင်တဲ့ အခါမျိုးတွေမှာ စိတ်ထဲမှာ ပေါ်လာလေးတွေ ရှာကြံပြီး စားရလေ့ ရှိတတ်ကြပါတယ် ဒါကြောင့်မို့လို့ ဒီတခါတော့ စိတ်အပြောင်းအလဲလေး ဖြစ်ရလေအောင် chicken pad Thai လေး ကြော်ဖြစ်လို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဆန်ပြားခေါက်ဆွဲ - 150 g
  2. ပဲပင်ပေါက် - 100 g
  3. ခပ်ပ်ပါးပါး လှီးထားသော ကြက်ရင်ပုံသား - 100 g
  4. brown sugar - ထမင်းစားဇွန်း တစ်ဇွန်း
  5. မြေပဲ - ထမင်းစားဇွန်း ၃ဇွန်း
  6. သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  7. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  8. သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  9. ကြက်သွန်နီ - အနေတော် တစ်လုံးကို လေးစိတ်ရအောင် လှီးထားပါ
  10. ကြက်သွန်ဖြူ - ၂မွှာကို အခွံခွာပြီး နုတ်နုတ်စဉ်းထားပါ
  11. ငရုတ်သီးစိမ်း အနီရောင်အတောင့် - အတောင့်ကြီးကြီး တစ်ေတာင့် (ခပ်ကြမ်းကြမ်း လှီးထားပါ)
  12. ဂျူးဖူး - ၂ပင် ( ခပ်ရှည်ရှည် လှီးထားပါ)
  13. နံနံပင် - ၂ပင် (လှီးထားပါ)
  14. ကြက်သွန်မိတ် - တစ်ပင်  (လှီးထားပါ) 
  15. ဆီ - စားပွဲတင်ဇွန်း တစ်ဇွန်း
  16. ကြက်ဉ - နှစ်လုံး (ပန်းကန်ထဲမှာ ခလောက်ထားပါ)
  17. နာနတ်ပွင့် - တစ်ပွင့်
  18. မုံလာဥနီ  - အနည်းငယ် (လှီးထားပါ)

ပြင်ဆင်ချက်ပြုပ်ပုံ
  • ဆန်ပြားခေါက်ဆွဲကို ပြင်ထားပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပေးပါ
  • ဆီပူလာပါက ကြက်သားကို အရင်ဆုံး ၄မိနစ်လောက် ကြော်ပေးပြီး ဘေးကိုတွန်းထားပါ
  • ပြီးတာနဲ့ ငရုတ်သီးစိမ်း သကြားအညို ကြက်သွန်ဖြူ ကြက်သွန်နီ နာနတ်ပွင့်တို့ကို ထည့်ကြော်ပါ 
  • မွှေးလာတာနဲ့ ကြက်သားနှင့် ပြန်ရောကာ ၃ချက်လောက် မွှေပေးပါ
  • ပြီးတာနဲ့ ခလောက်ထားသော ကြက်ဥကိုထည့်ကာ ကျက်အောင် ကြော်ပေးပါ
  • ပြီးတာနဲ့ မုံလာဥနီနှင့် ပဲပင်ပေါက်ကို ထည့်မွှေပေးပါ
  • ပဲပင်ပေါက်နှင့်မုံလာဥနီကို မိနစ်ဝက်လောက်ကြော်ပေးပြီး ငါးငံပြာရည်နှင့် သံပုရာရည်တို့ ထည့်မွှေပေးပါ
  • အားလုံး သမသွားတာနဲ့ ဆန်ပြားကို ထည့်မွှေကာ နံနံပင် မြေပဲလှော် ကြက်သွန်မိတ်နှင့် ဂျုးဖူးတို့ထည့်မွှေကာ အရသာမြည်း၍ လိုသလိုပြင်ကာ စားပွဲပြင်နိုင်ပါပြီ။

No comments:

Post a Comment