မာမာ ဒီနေ့တော့ မုန့်ညှင်းပင်ပေါက်လေးတွေကို ချဉ်ငံစပ်လေး သုပ်စားဖြစ်ပါတယ် ကြောင့်မို့လို့ ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ဖြစ်တဲ့ မုန့်ညှင်းပင်ပေါက် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- မုန့်ညှင်းပင်ပေါက် -
- ကြက်သွန်နီ -
- ငရုတ်သီး အလှော်မှုန့် -
- ပဲအကျက်မှုန့် -
- ငါးငံပြာရည် -
- ကြက်သွန်နီ ဆီချက် အဖတ် -
- ကြက်သွန်နီ ဆီချက် -
- အရသာမှုန့် -
- မန်ကျည််းသီးမှည့် -
- ပုဇွန်ခြောက်မှုန့် -
ပြင်ဆင်ပုံ
- မုန့်ညှင်းပင်ပေါက်ရဲ့ အမြှစ်လေးတွေကို ဖယ်ပေးပြီး ရေစင်အောင် ဆေးပေးပါ
- အနေတော် အိုးတစ်လုံးထဲမှာ ရေခပ်များများလေး ထည့်ပြီး မီးဖိုပေါ်တင်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေပွက်ပွက် ဆူလာတာနဲ့ မုန့်ညှင်းပင်ပေါက်ကိုထည့်ပြီး မိနစ်ဝက်လောက်ထားကာ ရေနွေးဖျောပေးပြီး ရေနွေးများ သွန်ပေးပါ
- ရေနွေးများသွန်ကာ ရေအေးနဲ့ဆေးပြီး ရေစစ်ပေးပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- မန်ကျည်းသီးမှည့်ကို ရေဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
- ကျန်သော ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံကျယ်ကျယ်ထဲမှာ မုန့်ညှင်းပင်ပေါက်များ ကြက်သွန်နီ ပဲအကျက်မှုန့် ငရုတ်သီးမှုန့် အရသာမှုန့် ကြက်သွန်နီ ဆီချက်ဖတ် ကြက်သွန်နီဆီချက် ပုဇွန်ခြောက်မှုန့် ငါးငံပြာရည်နှင့် မန်ကျည်းမှည့် ရည်တို့ထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
- နယ်ဖတ်ပြီး အရသာ သမသွားပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ ချဉ်ငံစပ် အသုပ်စုံလေးကို နှစ်သက်သလို စားသုံးနိူင်ပါပြီ။
No comments:
Post a Comment