မာမာ ဒီနေ့တော့ ကန်စွန်းရွက်နဲ့ မှိုကို ကြော်ပါတယ် ထမင်းစားလို့ မြိန်စေမဲ့ အရန်ဟင်း တမယ်အတွက် ချက်နည်းလးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ကန်စွန်းရွက် - ဆယ်ပင်ခန့် ပါသော တစ်စည်း
- ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
- မှို - အနည်းငယ်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း သုံးဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ပြင်ဆင်ပုံ
- ကန်စွန်းပင်ကို ထက်ဝက်ခြမ်းပြီး အနေတော် ပိုင်းဖြတ်ကာ ရေဆေးပြီး ရေစစ်ထားပါ
- မှိုကိုေရေဆးပြီး အေနေတာ်လေးတွေ လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
- ဆီ ပူလာတာနဲ့ ကြက်သွန်ဖြူကိုထည့်ပြီး ကြော်ပေးပါ
- အနည်းငယ်လေး နွမ်းလာတာနဲ့ ကန်စွန်းရွက်နှင့် မှိုများကို ထည့်ကြော်ပေးပါ
- မိနစ်ဝက်လောက် ကြော်ပြီးတာနဲ့ အရသာမှုန့်နဲ့ ဆားတို့ကို ထည့်ေမွှေပးပါ
- ကန်ဇွန်းရွက်များ နွမ်းလာပါက အရသာ မြည်းပေးပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
- စိတ်ကြိုက် အရသာ ရလာတာနဲ့ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ကန်စွန်းရွက်ကြော် ပူပူလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment