Sunday 29 July 2018

မျှစ်ပုဇွန် အစပ်ချက်




မျှစ်အကြွတ်လေးတွေ ရလာတော့ ပုဇွန်ထုပ်နဲ့ ချိုချဉ်ငံစပ် စိမ့်စိမ့်လေး ချက်မိပြန်ပါတယ် ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်မဲ့ ဟင်းလေးဖြစ်တဲ့အတွက် မျှစ်နဲ့ပုဇွန်ထုတ်လေးများ အဆင်သင့် ရှိနေရင်တော့ ချက်ကြည့်ရအောင် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ထုတ် -  အနေတော် ငါးထုတ်
  2. မျှစ်ကြွတ် - ငါးခု
  3. ခရမ်းချဉ်သီး - ခပ်ကြီးကြီး သုံးလုံး
  4. ကြက်သွန်နီ - အနေတော် တစ်ဥ
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  6. ငရုတ်​သီးစိမ်း အစပ်​​တောင့့် - နှစ်တောင့်
  7. ငရုတ်သီးစိမ်း - စားနိုင်သလောက် (ဟင်းအိုးအုပ်ရန် )
  8. ချင်း - လက်တစ်ဆစ်ခန့်
  9. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. သီိဟို​စေ့ - ထမင်းစားဇွန်း သုံးဇွန်း
  12. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  13. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  14. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  15. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  16. သံပုရာရည် - ထမင်းစားဇွန်း သုံးဇွန်း


ပြင်ဆင်ပုံ
  • ပုဇွန်ကို ရေစင်အောင်ဆေးပြီး ​ပုဇွန်​ကိုယ်​လုံးကို အခွံခွာကာ အမည်းကြောင်း ထုတ်ပေးပြီးခေါင်းထဲမှ အစာအိတ်ထုတ်ထားပါ
  • မျှစ်ကို ရေဆေးပြီး လေးစိတ်စိတ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးကာ ခပ်နုတ်နုတ်စဉ်းထားပါ 
  • ကြက်သွန်နီကို အခွံခွာပြိး ရေဆေးကာ ခပ်နုတ်နုတ်စဉ်းထားပါ
  • ကြက်သွန်ဖြုကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ်စဉ်းထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ညက်ညက်ထောင်းထားပါ 
  • ပြီးတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းနှင့် ငရုတ်သီးအရောင်တင်မှုန့်တို့ကို ညက်နေအောင် ရောထောင်းထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်​ပါးပါး လှီးထား​ပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေထားပါ
  • မြေပဲကို မညက်​တညက်​ ​ထောင်းထားပါ
  • သံပုရာရည်ကို ပြင်ထားပါ
  • ဆီ နနွင်းမှုန့် ဆား သကြား ငါးငံပြာရည်တို့ကို ပြင်ထားပါ
ဟင်းချက်ရန်
  • အိုးထဲမှာ ဆီကိုအပူပေးပြီး နနွင်းမှုန့်ကိုထည့်ပါ
  • နနွင်းမှုန့် ထည့်ပြီးတာနဲ့ ကြက်သွန်အဖြူ အနီ ချင်းနှင့် ငရုတ်သီး အရောင်တင်မှုန့်ထောင်း ငရုတ်​သီးစိမ်း  ငရုတ်သီးစိမ်းတို့ကိုထည့်ပြီးဆီသတ်ပါ
  • ဆီသတ်နံ့မွှေးလာတာနဲ့ငရုတ်သီး ဆီသတ်ကို ဘေးခနတွန်းထားကာ သီဟိုစေ့နှင့် ခရမ်းချဉ်သီးကိုထည့်ပြီး ကျေအောင်မွှေပေးပါ
  • ခရမ်းချဉ်သီး ကျေသွားတာနဲ့မျှစ် သံပုရာရည် ဆား သကြား ငံပြာရည်တို့တခါထဲ ထည့်မွှေပေးပါ
  • ပြီးတာနဲ့ မျှစ်ကို ​ရေမြုပ်​​အောင်​ထည့်​ကာ အဖုံးအုပ်​ပြီး တည်​​ပေးပါ
  • ​ရေဆူပြီး မျှစ်မနူးသေးခင် ရေမခမ်းခင်​ အရသာမြည်းကာ လိုသလိုပြင်​​ပေးပါ
  • ပြီးတာနဲ့ မျှစ်နူးစေရန် မျှစ်ကို ရေမြုပ်အောင်ထည့်ပြီး တခါဆက်တည်ပေးပါ
  • နောက်တကြိမ် ထည့်ထားသော ရေမခမ်းခင် ပုဇွန်ထုတ်နှင့် ငရုတ်သီးစိမ်းကို ထည့်မွှေပေးပါ
  • ပုဇွန်အနံ့ ပျောက်စေရန် အိုးအဖုံးကို ခနအုပ်ပေးကာ တည်ပေးပါ
  • ပုဇွန်ထည့်ပြီး အပေါ့အငံ တခါထပ်မြည်းပေးပြီး လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ မီးပိတ်ပြီး မျှစ်ပုဇွန်ထုတ် ချဉ်ငံစပ်မွှေး စိမ့်စိမ့်လေးကို စားသုံးရန်​ စားပွဲပြင်​ပေးနိုင်​ပါပြီ။

No comments:

Post a Comment