Sunday 8 July 2018

Banana Milk Shake




ဒီနေ့တော့ လတ်လတ်ဆတ်ဆတ် အသီးအရွက်လေးတွေကို ဒီအတိုင်း စားရတာထက် ဖျော်ရည်လေးတွေ ပြုပြင်ကာ သုံးဆောင်နိူင်ဖို့အတွက် လွယ်ကူမြန်ဆန် banana milk shake လုပ်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ

ငှက်ပျောသီးမှည့် - တစ်လုံး
သကြား - ထမင်းစားဇွန်း တဇွန်း (အချိုကြိုက်ပါက ပိုထည့်ပါ )
ရေခဲ - 1 cup
ကျိုပြီးအအေးခံထားသော နွားနို့ - 1 cup
ရေသန့် - အနည်းငယ်

ပြင်ဆင်ပုံ
ငှက်ပျောသီးကို အခွံခွာပြီး အနေတော်လေးတွေ ပိုင်းဖြတ်ထားပေးပါ
ရေခဲ နို့ ရေသန့်နှင့် သကြားတို့ကို ပြင်ထားပါ
အားလုံးအဆင်သင့်ဖြစ်တာနဲ့ ပါ၀င်ပစ္စည်းများကို ဗလင်ဒါထဲထည့်ပြီး ငှက်ပျောသီးနှင့် ရေခဲများကျေအောင် ကြိတ်ပေးပါ
ငှက်ပျောသီးနှင့် ရေခဲများကျေတာနဲ့ banana milk shake မွှေးမွှေးအေးအေးလေးကို သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment