Tuesday 24 July 2018

မှိုဟင်းချို ( Australian King Oyster Mushroom)







တောသူမြို့တက်တော့ လိုချင်တာလေးတွေ ရလာလို့ ပျော်မှပျော်ပါဘဲ အသီးအရွက်တွေက ဈေးကြီးပေမဲ့ စားချင်​လွန်းလို့ ဝယ်လာခဲ့မိတယ်။

အဲဒီအထဲကမှ Australian King Oyster Mushroom ကို ငရုတ်သီးစိမ်း စပ်စပ်မွှေးမွှေးလေးနဲ့ အရည်သောက်ဆမ်းချက်ကာ နံနံပင်​အုပ်​ကာ ချက်​ထားတဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. မှို (Australian King Oyster Mushroom)  - 500 g
  2. ငရုတ်သီးစိမ်း - အစပ်တောင့် ၂တောင့်
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ကြက်သွန်ဖြူ -၂မွှာ
  7. ကြက်သွန်နီ - တစ်ခြမ်း
  8. နံနံပင် - အနည်းငယ်

ပြင်ဆင်ပုံ
  1. မှိုကို ရေဆေးပြီး ပုံပါအတိုင်း ခပ်ပါးပါး လှီးထားပါ
  2. နံနံပင်​ကိ ​ရေ​ဆေးထားပါ
  3. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးပြီးမှ ခပ်ပါးပါးလှီးပါ
  4. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  5. ငရုတ်သီးစိမ်းကို ရေဆေးပြီး မညက်တညက် ထောင်းထားပါ
  6. ဒယ်အိုးတလုံးကို အပူပေးပါ ဆီပူလာပါက နနွင်းမှုန့်ထည့်ပါ
  7. ပြီးတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူကို နွမ်းရုံလေး ဆီသတ်ပါ
  8. ကြက်သွန်များ နွမ်းတာနဲ့ ငရုတ်သီးစိမ်း ထောင်းပြီးသားကို ထည့်ကြော်ပါ
  9. ငရုတ်သီးနံ့ သင်းလာတာနဲ့ ဆားနှင့် မှိုကိုထည့်ကြော်ပါ
  10. မှိုများနွမ်းလာတာနဲ့ အရည်အနည်းငယ်ထည့်ကာ ရေဆူအောင် တည်ပေးပါ
  11. ရေပွက်ပွက် ဆူလာတာနဲ့ ကိုယ်လိုချင်သလောက် ရေထည့်ကာ အရသာမြည်း၍ လိုသလိုပြင်ပေးပါ
  12. ရေလဲပွက်ပွက်ဆူလာပြီး အရသာလဲ အနေတော်ရပြီဆိုရင် နံနံပင် အုပ်ပေးကာ မှိုအစပ်ဟင်း မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment