Monday 4 November 2019

ကြက်ခြေထောက်ထောင်း


အနီးကပ် ပြထားပါတယ်

ငံပြာရည်အနောက် ဂဏန်းငံပြာရည် 
ငါးငံပြာရည်အချို ငါးငံပြာရည်အကြည် 
ငါးပိရည်အပျစ်

ချိုချဉ်ငံစပ် ကြက်ခြေထောက်ထောင်းနည်းလေး ထောင်းဖြစ်တာနဲ့ စိတ်ဝင်စားပြီး ထောင်းစားချင်တဲ့ သူတွေအတွက် မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင် ကြက်ခြေထောက် အရိုးထုတ်နည်း မေးထားတဲ့ သူတွေအတွက်လဲ နောက်တစ်ခါ တင်ပေးပါ့မယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ခြေထောက် - ၃၅ ချောင်း (အရိုးထွင်ပြီးသား)
  2. ငရုတ်သီး အခြောက်တောင့် - ၅တောင့် (အစပ်ကြိုပ်ပါက ပိုထဲ့ပေးပါ)
  3. ထန်းလျှက်ခဲ - ကွမ်းသီးဆံ အလုံးလောက် တစ်ခဲ
  4. အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ကြက်သွန်ဖြူ-  အမွှာကြီးကြီး ၃မွှာ
  7. ငါးငံပြာရည်အနောက် -ထမင်းစားဇွန်း တစ်ဇွန်း
  8. ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း 
  9. ငါးငံပြာရည်အချို - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဂဏန်းငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  11. ကြက်သွန်နီ - အလုံးသေး တစ်လုံး
  12. သံပုရာသီး - တစ်ခြမ်း (အချဉ်ကြိုက်ပါက ပိုထည့်ပါ )
  13. နံနံပင် - နှစ်သက်သလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • ကြက်ခြေထောက်များကို ပြုပ်ပြီး အရိုးထုတ်ထားပါ
  • သံပုရာသီးကို ရေဆေးပြီး တ၀က် ခြမ်းထားပါ။
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ။
  • ကြက်သွန်ဖြူကို အခွံဃွာပြီး ရေဆေးထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် လှီးပေးထားပါ
  • ငရုတ်သီး အခြောက်တောင့်များကို အညှာခြွေပြီး ရေဆေးထားပါ
  • ဂဏန်းငံပြာရည်အနောက် ငါးငံပြာရည်အနောက် ငါးငံပြာရည်အကြည်တို့ကို ပြင်ထားပါ
  • ထောင်းရန်ပြင်ဆင်ပုံ
  • ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ထန်းလျှက်ခဲ ကြက်သွန်ဖြူ ငရုတ်သီးအခြောက်တောင့်တို့ကိုထည့်ပြီး မညက်တညက် ထည့်ထောင်းပါ။
  • အနည်းငယ် မညက်တညက် အေနအထား ရသွားတာနဲ့ ငံပြာရည် သုံးမျိုးလုံးနှင့် အရသာမှုန့်တို့ကို ထည့်ထောင်းပေးပါ။
  • ထောင်းတဲ့နေရာမှာလဲ ခပ်ကြမ်းကြမ်း ထောင်းစရာ မလိုဘဲ ငရုတ်ကျည်ပွေ့နှင့် အသာအယာဘဲ ထောင်းပေးပါ
  • ထောင်းနေစဉ် အရသာ သမသွားအောင် ဇွန်းအရိုးရှည်ရှည်နှင့် မွှေမွှေပေးပါ။
  • အရသာ သမသွားတာနဲ့ အရိုးထွင်ထားသော ကြက်ခြေထောက်များကို ထည့်ပေးပြီး အရသာသမအောင် ဇွန်းနှင့် မွှေပေးပါ။
  • အရသာ သမလောက်ပြီ ဆိုတာနဲ့ လှီးထားသော နံနံပင် ကြက်သွန်နီနှင့် သံပုရာရည်ကို ထည့်ပြီး ဇွန်းနှင့် ခပ်ဖွဖွလေး ၄ချက်လောက် မွှေပေးပါ။
  • မွှေနေစဉ် အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရသာ ရတဲ့အထိ ပြင်ပေးပါ။
  • ပြီးတာနဲ့ ကြက်ခြေထောက်ထောင်း ချိုချဉ်ငံစပ်လေးကို မိမိနှစ်သက်သလို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment