Sunday 24 November 2019

ချဉ်ငံစပ် ပဲပုဇွန်သီးသုပ်







ဗီယက်နမ် ဈေးကနေ ပဲပုဇွန်သီးလေးတွေ ရလာတော့ တစ်ဝက်ကို ချဉ်ရည်ဟင်းချက်ပြီး တစ်ဝက်ကိုတော့ ချဉ်ငံစပ်လေး သုပ်စားဖြစ်ပါတယ် ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ပဲပုဇွန်သီး - အနေတော် ဇကာတစ်လုံး
  2. နှမ်းလှော် - ထမင်းစားဇွန်း တစ်ဇွန်း
  3. မြေပဲလှော် - ထမင်းစားဇွန်း တစ်ဇွန်း
  4. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  5. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  6. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ကြက်သွန်နီဆီချက် အဖတ် - ထမင်းစားဇွန်း နှစ်ဇွန်း
  8. ကြက်သွန်နီ ဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
  9. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  10. ငရုတ်သီး အလှော်မှုန့် - စားနိုင်သလောက်
  11. သံပုရာရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  • ပဲပုဇွန်သီးကို ဘေးနှစ်ဖက်မှ အကြောများ သင်ပေးပြီး ရေစင်အောင် ဆေးပေးပါ
  •  ရေစင်အောင်ဆေးပြီး အနေတော် အိုးထဲထဲ့ကာ ရေအနေတော်ထဲ့ပြီး ပြုပ်ပေးပါ
  • အကြာကြီး ပြုပ်စရာ မလိုဘဲ ရေပွက်ပွက်ဆူအောင် သုံးမိနစ်လောက်ဘဲ ပြုပ်ပေးပါ
  • ပြုပ်ပြီးပါက ရေနွေးများသွန်ကာ ရေအေးနဲ့ဆေးပြီး ရေများကို သွန်ကာရေစစ်ပေးပါ
  • ရေစစ်သွားပါက အနေတော်လေးတွေ ရလာအောင် ကပ်ကြေးဖြင့် ညှပ်ပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • မြေပဲလှော်ပြီးသားကို မညက်တညက် ထောင်းထားပါ
  • ကျန်သော ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံကျယ်ကျယ်ထဲမှာ ပဲပုဇွန်သီး ကြက်သွန်နီ နှမ်းလှော် ပုဇွန်ခြောက်မှုန့် မြေပဲလှော်ထောင်း ပဲအကျက်မှုန့် ငရုတ်သီးမှုန့် အရသာမှုန့် ကြက်သွန်နီဆီချက် ကြက်သွန်နီဆီချက်ဖတ် ငံပြာရည်နှင့် သံပုရာရည်တို့ထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
  • နယ်ဖတ်ပြီး အရသာ သမသွားပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ သံပုရာသီးနံ့မွှေးမွှေးနဲ့ ပဲပုဇွန်သီး ချဉ်ငံစပ် အသုပ်လေးကို နှစ်သက်သလို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment