တစ်ခါတစ်လေလဲ စိတ်ထဲမှာ ဘိုစာလေးတွေ စားချင်သလိုလို ရှိတဲ့အတွက် Pasta Salad (ပါစတာသုပ်)လေး သုပ်စားဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- Pasta (ပါစတာ) - 150 g
- မုံလာဥနီ - နှစ်ဥ
- သခွားသီး - တစ်တောင့်
- Olive (သံလွင်ဆီ) - အနည်းငယ်
- Feta Cheese - အနည်းငယ်
- Italian Dressing - ထမင်းစားဇွန်း ၃ ဇွန်း
- ဒိန်ချဉ် - အနည်းငယ်
- ငရုတ်ကောင်းမှုန့် - အနည်းငယ်
- ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြုလုပ်နည်း
- အိုးထဲမှာ ရေအနေတော် ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ဆီ ထမင်းစားဇွန်းတစ်ဇွန်းထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေဆူလာတာနဲ့ ပါစတာများကို နူးတဲ့အထိ ပြုပ်ပေးပြီး ရေနွေးများသွန်ကာ ရေစစ်ထားပါ
- မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ခပ်သေးသေး မျှင်မျှင်လေးတွေ လှီးထားပါ
- သခွားသီးကို အခွံခွာပြီး ရေဆေးကာ ခပ်သေးသေး ရှည်ရှည်လေးတွေ လှီးထားပါ
- ဇလုံ ခပ်ကြီးကြီး တစ်လုံးထဲ Pasta နှင့်အတူ မုံလာဥနီ သခွားသီး Italian Dressing , Feta cheese , Italian Dressing , ဒိန်ချဉ် ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ အားလုံးရောထည့်ပြီး သမအောင်မွှေပါ
- အရသာ သမသွားတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
- ပြီးတာနဲ့ Pasta Salad ကို ရပါပြီ။
No comments:
Post a Comment