Wednesday 12 June 2024

ဝက်သားစင်းကော ဆန်ပြုပ်

 

ဒီနေ့တော့ ‌မနေ့က မိုးမိပြီး ဖျားချင်သလိုလို ရှိတာနဲ့ အိမ်မှာရှိနေတဲ့ ဝက်သားစင်းကောနဲ့ ဆန်ပြုပ်လေး ပြုပ်ကာ အီကြာကွေးနဲ့ သောက်ပါတယ်။
အရမ်းသောက်လို့ ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ပြုပ်ထားတဲ့ ဝက်သားဆန်ပြုပ် ပြုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

မာမာ အခုပြုပ်တဲ့ အချိုးအစားက မိသားစု နည်းတဲ့သူတွေအတွက် အနည်းငယ် များပါတယ် မိသားစု နည်းရင်တော့ ဆန်ကို အနည်းငယ် လျှော့ပြီးပြုပ်ပေးနိူင်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  2. ဝက်သားစင်းကော - အနည်းငယ်
  3. ကြက်သွန်နီ - ဥအသေး ဆယ်လုံး (ဆန်ပြုပ်ထဲထည့်ရန်)
  4. ဆား - လက်ဖက်ရည်ဇွန်း လေးဇွန်း ( ဇွန်းတစ်၀က်ကို ဘဲသားပြုပ်ထဲထည့်ရန်)
  5. ကြက်သွန်မိတ် - အပင်ကြီးကြီး သုံးပင်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခွဲ (တစ်၀က်ကို ဘဲသားပြုပ်ထဲ့ထည့်ရန်)
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ (ဆန်ပြုပ်ထဲထည့်ရန်)
  8. ငရုတ်ကောင်းမှုန့် - လိုသလောက် ပြင်ပေးပါ
  9. ကြက်သွန်ဖြူ ဆီချက် - လိုသလောက် ပြင်ထားပါ
  10. အီကြာကွေး - လိုသလောက် ပြင်ထားပါ
ကြက်သွန်ဖြူ ဆီချက်ချက်နည်းကို https://mmlazp.blogspot.com/2019/09/blog-post_63.html မှာ ြည့်လို့ ရပါတယ်။
ပြင်ဆင်ပုံ
  • ဇောက်နက်သော အိုးထဲမှာ ဆန်ကိုထဲ့ပြီး ရေနှစ်ထပ်လောက် ဆေးပေးကာ ရေများများထဲ့ပြီး နူးအောင်ပြုပ်ထားပါ
  • ဆန်လုံးများ ကျေလာအောင် ပြုပ်ပေးပါ
  • ဝက်သားစင်းကောကို အိုးထဲမှာထည့်ပြီး အရသာမှုန့်နှင့် ဆားတို့နှင့်နယ်ကာ ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ဝက်သားစင်းကော ပြုပ်ထားစဉ် အကျက်ညီစေရန် အထက်အောက် လှန်လှန်ပေးပါ
  • ပြုပ်ထားသော ဝက်သားစင်းကောအိုး  ရေခမ်းတာနဲ့ မီးပိတ်ထားပါ
  • ကြက်သွန်နီ ဥအသေးများကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူ  ဆီချက်နှင့် ငရုတ်ကောင်းမှုန့်တို့ကို ပြင်ထားပါ
  • အီကြာကွေးကို မထူမပါးလေးတွေ ညှပ်ထားပါ
  • ပြုပ်ထားသော ဆန်ပြုပ်များ မနူးသေးပါက ဆန်နူးတဲ့ထိ ရေထပ်ထပ်ထဲ့ပြီး ပြုပ်ပေးပါ
  • ဆန်ပြုပ်နေစဉ် အိုးမကပ်အောင် မကြာမကြာ မွှေမွှေပေးပါ
  • ဆန်များနူးပြီ ဆိုပါက ရေကို မိမိလိုသလောက် ထဲ့ပေးပြီး ကြက်သွန်ဥလေးများနှင့် ပြုပ်ထားတဲ့ ဝက်သားစင်းကော လေးတွေကို ထဲ့ပြုပ်ပေးပါ
  • ဆားနှင့်အရသာမှုန့် နှစ်ဇွန်းကိုထဲ့ပြီး အရသာ သမအောင် မွှေပေးပြီး အရသာ မြည်းပေးပါ
  • မိမိနှစ်သက်သော အရသာ ရလာအောင် ပြင်ပေးပြီး ကြက်သွန်ဥလေးများ နူးလာပါက မီးနွေးနွေးနဲ့ တည်ထားပါ
  • ပန်းကန်လုံးထဲမှာ ကြက်သားဆန်ပြုပ်ကို မိမိ လိုသလောက် ထဲ့ပေးကာ သောက်ကာနီးမှ အီကြာကွေး ငရုတ်ကောင်းမှုန့်  ကြက်သွန်ဖြူ ဆီချက်နှင့် ကြက်သွန်မိတ်ဖြူးပေးပြီး သောက်နိူင်ပါပြီ။

No comments:

Post a Comment