ပါဝင်ပစ္စည်းများ
- မန်ကျည်းရွက် - တစ်ပုလင်း
- ငါးခူ - အနေတော်တစ်ကောင်
- ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
- ချင်း - လက်တစ်ဆစ်ခန့်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
- ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ငါးဆေးရန်
- ငါးခူကို မလိုတာတွေ ဖယ်ပေးပြီး ဆားနှင့် မန်ကျည်းသီးမှည့်ထည့်ကာ နယ်ပေးပါ
- ငါးမှ အချွဲများ ထွက်လာပါက ရေစင်အောင်ဆေးထားပါ။
ပြင်ဆင်ပုံ
- မန်ကျည်းရွက်ပုလင်းကိုဖွင့်ပြီး ရေစစ်ထားပါ
- ငါးကိုမလိုတာတွေ ဖယ်ပေးကာ ဆားနှင့် မန်ကျည်းသီးမှည့်တို့နဲ့ နယ်ပေးကာ ရေစင်အောင် ဆေးပေါးပါ
- ပြီးတာနဲ့ အနေတော် အတုံးလေးတွေ တုံးပေးကာ ဆား နနွင်းနှင့် အရသာမှုန့်တို့ထည့်ကာ နယ်ပေးထားပါ
- ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့်ရောပြီး ညက်နေအောင် ထောင်းထားပါ
- ဇောက်နက်သော အိုးထဲမွာ မန်ကျည်းရွက်များ အရသာ နယ်ထားသောငါး နနွင်းမှုန့် ဆား ငါးငံပြာရည် အရသာမှုန့် ဆီ ငရုတ်သီး ထောင်းတို့ကိုထည့်ပြီး အရသာဝင်သွားအောင် နယ်ပေးပါ
- အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး တည်ပေးပါ
- အရင်ဆုံး ဟင်းအိုး လုံးရည် ရေဆူအောင် တည်ပေးပါ
- ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
- အရွက်များ တော်တော်လေး နွမ်းလာတာနဲ့ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
- ရေပွက်ပွက်ဆူလာတာနဲ့ သုံးမိနစ်လောက် ထပ်ဆူအောင် တည်ပေးပါ
- ပြီးတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ မီးပိတ်ပေးပါ
- ထမင်းမြိန်စေမဲ့ အရသာ မွှေးလွန်းတဲ့ မန်ကျည်းရွက် ချဉ်ရည်ဟင်း ပူပူလေးကို စားသုံးရန်င် ပြင်ဆင်ပေးနိူင်ပါပြီ။
No comments:
Post a Comment