ပါ၀င်ပစ္စည်းများ
- ဘူးသီး - လက်မလောက်အထူ လှီးထားသော အစိတ် ၁၅ စိတ်
- တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ခွက်ခွဲ
- ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်၀က်သာသာ
- ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆီ - လိုသလောက် သုံးပေးပါ
ပန်ထွေဖျော်ရန် ပါဝင်ပစ္စည်းများ
- ခရမ်းချဉ်သီး အလုံးကြီးကြီး တစ်လုံးကို နူးအိနေအောင် ပြုပ်ပေးပြီး အခွံများ ခွာထားပေးပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
- နံနံပင်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
- ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ပဲဆီ ထမင်းစားဇွန်း တစ်ဇွန်း
- ရေကျက်အေး မိမိနှစ်သက်သလောက်
- ပါဝင်ပစ္စည်း အားလုံးကို ဇလုံတစ်လုံးထဲမှာ ထည့်ပေးပြီး သမသွားအောင် မွှေပေးပါ
ကြော်ဖို့ပြင်ရန်
- တန်ပူရာမှုန့် နနွင်းမှုန့် ဆား အချိုမှုန့်တို့ကိုရေနဲ့ရောပြီး သမအောင်မွှေပေးပြီး ခပ်ပျစ်ပျစ်ဖျော်ပေးပါ
- မုန့်နှစ်ပျစ်နေစေရန် ရေကို နည်းနည်းခြင်း ထည့်ဖျော်ပေးပါ
- ရေကို လိုတိုးပိုးလျှော့ လုပ်ပေးပါ
- ဘူးသီးကို ရေဆေးကာ ပုံပါအတိုင်း အကွင်းလိုက် လှီးပေးပြီး ကန့်လန့်ဖြတ် လက်တလုံးလောက် အနေလေးတွေ လှီးထားပါ
- အရသာ စပ်ထားသော မုန့်နှစ်ထဲမှာ ဘူးသီးစိတ်ကို နှစ်ပေးပါ
- ဆီကို မီးအပူပေးပြီး ဆီပူပြီး ကျက်လာပါက ဘူးသီး မုန့်နှစ်လူးကို ထဲ့ကြော်ပေးပါ
- မီးအရမ်း မများစေရန် သတိပြုပြီး ကြော်ပေးပါ တစ်ဖက်ရွှေဝါရောင်သန်းလာပါက တစ်ဖက်ကိုလှန်ပေးပါ
- နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
- ဆီစစ်သွားပါက ဘူးသီးကြော် ကြွတ်ကြွတ် ချိုချိုလေးကို ပန်ထွေဖျော်လေးနဲ့ တွဲဖက်ကာ စားလို့ရပါပြီ။
No comments:
Post a Comment