Sunday 17 August 2014

တန်ပူရာမှုန့် ငါးကြော်

ဒီနေ့တော့ တန်ပူရာမှုန့်နဲ့ ငါးကြော်လေး ကြော်ဖြစ်ပါတယ် ငါးကြီးဘဲသက်သက် စားရတာ ရိုးလာပြီဆိုရင်တော့ အခုလိုလေးကြော်ပြီး စားစေချင်ပါတယ်။

အရသာတစ်မျိုး ဆန်းသလို ဝါးရတာကြွတ်ကြွတ် ရွရွလေးနဲ့ စားလို့အရမ်းကောင်းပါတယ် မုန့်နှစ်ဖျော်စဉ် ထည့်လိုက်တဲ့ ချင်း ကြက်သွန်ဖြူ အနံ့အရသာတို့ကြောင့် ငါးအနံ့မနှစ်သက်သူတို့ပါ နှစ်သက်ကြမှာပါ ဒါကြောင့်မို့လို့ မာမာပြင်ဆင်တဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

ဘာဆာငါး -  ၃ပြား
တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
ရေ. - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ဗူးတစ်၀က်သာသာ
ညက်နေအောင် ထောင်းထားသောချင်း - လက်တစ်ဆစ်
ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
ဆီ - လိုသလောက်သုံးပါ

ပြင်ဆင်ပုံ
ပထမဆုံး တန်ပူရာမှုန့် ရေ ချင်း ကြက်သွန်ဖြူတို့ကိုရောပြီး သမအောင် မွှေပေးပါ
ဆီကိုအပူပေးပြီး ဆီပူလာပါက မီးကိုအနေတော်သို့့လျှော့ပေးပါ
မုန့်နှစ်ဖျော်ရည်ထဲသို့ငါးကို အပြားလိုက်နှစ်ပြီး လူးပေးပြီး ဆီပူထဲမှာ ထည့်ကြော်ပေးပါ
တစ်ဖက်ကျက်ရင် တစ်ဖက်ကို လှန်ပေးပြီး နှစ်ဖက်လုံး ရွှေဝါရောင်သန်းပါက ဆယ်ပြီး ဆီစစ်ပေးပါ
ဆီစစ်သွားပါက ချင်း ကြက်သွန်ဖြူနံ့ သင်းသင်းမွှေးနေတဲ့ ငါးတန်ပူရာကြော်လေးကို ရပါပြီ။

No comments:

Post a Comment