Sunday 17 August 2014

ကြက်စာဥကြော်



ဒီအကြော်လေးကတော့ ၀က်သားအစားကြက်သားနဲ့ကြော်ထားတဲ့ ကြက်စဥကြော်လေးပါ ထမင်းနဲ့စားတာထက်စာရင် ဒီအတိုင်းလေးစားရတာကို ပိုကြိုက်ပါတယ် တစ်နေ့တစ်နေ့ ဟင်းရံစဉ်းစားရတဲ့ ဒုက္ခကလဲမသေးလှပါဘူး မနက်ချက်ရမဲ့ဟင်းကို ညထဲကကြိုပြီးစဉ်းစားရတာကလဲ အိမ်ရှင်မတွေရဲ့ အဓိကတာဝန်တခုပါဘဲနော် ဒီကြားထဲ စိုဖတ်ဖတ်အသားတွေကို မစားချင်တဲ့အခါ အခြောက်အခြမ်းလေးကိုလဲ စဉ်းစားရပြန်တာပါဘဲ ဒီနေ့ကြော်ဖြစ်တဲ့ ကြက်စဥကြော်လေးကို ပြောပြပါမယ်။

ပါဝင်ရမှာလေးတွေက

  • အရိုးထွင်ထားသောကြက်ပေါင် - 250g
  • တန်ပူရာမှုန့် - ထမင်းပေါင်းအိုးဆန်ချင်ဗူး တစ်ဗူး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ချင်း - လက်တစ်ဆစ်
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • အရသာမှုန့်- လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်ဥ - တစ်လုံး
  • ဆီ - လက်ဖက်ရည်ကြမ်းပန်းကန် တစ်လုံး
  • ရေ - ထမင်းပေါင်းအိုးဆန်ချင်ဗူး တစ်ဗူး
ကြော်ဖို့ပြင်ပါမယ်
  • ကြက်သားကိုအရိုးထွင်ပြီး လက်သည်းခွံသာသာ အတုံးလေးများတုံးပါ
  • ကြက်သွန်ဖြူနှင့်ချင်းတို့ကို ညက်နေအောင်ထောင်းပေးပါ
  • ကြက်ဥကို ဖွးဖွားပါအောင်ခေါက်ထားပေးပါ
  • ကြက်သားကို ဆား အရသာမှုန့် ချင်း ကြက်သွန်ဖြူတို့နဲ့နယ်ပေးထားပါ
  • တန်ပူရာမှုန့်ကို ရေနဲ့ခပ်ပြစ်ပြစ်ဖျော်ထားပါ
  • ဖျော်ထားသော မုန့်နှစ်ထဲသို့ ကြက်ဥနှင့်အရသာနယ်ထားသောကြက်သားကိုထဲ့ဖျော်ပေးပါ အရမ်းပြစ်နေရင် ရေနည်းနည်း ထပ်ရောပေးပါ
  • ဆီကိုမီးအနေတော်နဲ့အပူပေးပါ ဆီပူလာပါက ကြက်သားကို တစ်တုံးခြင်းမုန့်နှစ်ပါအောင် ဇွန်းနှင့် ခပ်ပြီးကြော်ပေးပါ
  • အတုံးလေးများရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက အရသာရှိသော ကြက်စဥကြော်ကို စားသုံးနိုင်ပါပြီ။

2 comments:

  1. Noted with thanks Mar Mar .. can't use MM font in here :(

    ReplyDelete
  2. ကျေးဇူးပါ မာမာရယ်...။ နန်းလည်း မာမာ့ရဲ့ ဟင်းချက်နည်းတွေနဲ့ပဲ မိသားစုကိုချက်ကျွေးနေရတယ်။ တခါတလေ ဟင်းမစဉ်းစားတတ်တော့ဘူး။

    ReplyDelete