ကလေးလူကြီးအကြိုက် ကြက်သားလုံးလေးကြော်ပါမယ် ကြက်သားလုံးကြော်လို့ဆိုပေမဲ့ကြက်ရင်ပုံသား ပေါင်ရင်းသားတွေနဲ့ကြော်ရင် စားလို့မကောင်းပါဘူး ကြက်ပေါင်အသားနဲ့ကြော်မှစားလို့ကောင်းပါတယ်။
ကြက်သားလုံးကို ကြက်ပေါင်ကိုအရိုးထွင်ပြီး ကြိတ်စက်ရှိရင်ကြိတ်စက်ထဲထဲ့ကြိတ် ကြိတ်စက်မရှိရင်လဲ ဓါးနဲ့နုတ်နုတ်စဉ်းပေးပြီး ကြော်တာကပိုပြီးကောင်းပါတယ် ပေါင်သားက အကြောလေးတွေပါတဲ့အတွက် ကြော်ပြီးတဲ့အခါမှာ တထုတ်ထုတ်နဲ့ဝါးလို့ကောင်းတာလေးမို့စားလို့ကောင်းပါတယ်။
ရင်ပုံသားကတော့ အသားများပေမဲ့ ကြော်ပြီးတဲ့အခါမှာ မာကျောကျော ပြင်းတွဲတွဲနဲ့မို့စားလို့ သိပ်မကောင်းလှပါဘူး။
ကြက်သားလုံးကြော်ဖို့ လိုအပ်တာတွေပြင်ပါမယ်
- အရိုးထွင်ပြီး ကြိတ်ထားသော ကြက်ပေါင် - 300g
- ခပ်နုတ်နုတ်လှီးထားသော ကြက်သွန်နီ - 100g
- ဓါးပြားရိုက်ပြီးခပ်နုတ်နုတ်လှီးထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
- Cornflour - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် တစ်လုံး
ကြော်ရန်အတွက်
- ဆီမှလွဲရင် အားလုံးရောနယ်ထားသော ကြက်သားကို လက်ကိုရေစွတ်ပြီး အနေတော်လုံးပေးပါ
- မကပ်သောဒယ်အိုးမှာ ဆီကိုထဲ့ပြီးအပူပေးပါ
- ဆီပူလာတာနဲ့ မီးအားကိုအနေတော်လျှော့ပေးပြီး လုံးထားသောကြက်သားလုံးကို တစ်လုံးခြင်းထဲ့ကြော်ပေးပါ
- တစ်ဖက်ရွှေဝါရောင်သန်းလာရင် ကျန်တစ်ဖက်ကိုလှန်ပေးပြီးဆက်ကြော်ပေးပါ
- နှစ်ဖက်လုံး ရွှေဝါသန်းလာရင် ဆယ်ပြီးဆီစစ်ပေးပါ
- ဆီစစ်သွားပါက ကြက်သားလုံးကြော်စိမ့်စိမ့်လေးကို အရသာရှိစွာစားသုံးနိုင်ပါပြီ။
No comments:
Post a Comment