ဒီနေ့တော့ ကုန်းဘောင်ကြီးကြော်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ထမင်းမြိန်ရာဟင်းလေးပါဘဲ အသားတွေကြီး သက်သက်ဆိုတာထက် အသီးအရွက်လေးပါတော့ အာဟာရလဲ ပိုပြီးဖြစ်သလို ဟင်းတစ်မယ်ထဲနဲ့ ထမင်းစားလို့ဖြစ်သွားခဲ့တဲ့အတွက် ဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ခပ်သေးသေး အတုံးလေးတွေ တုံးထားသောကြက်သား - 150 g
- ခပ်သေးသေး အတုံးလေးတွေ တုံးထားသောမုံလာဥနီ - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးစာ
- လေးထောင့်အဖတ်လေးတွေ ရအောင်လှီးထားသော ကြက်သွန်နီ - အနေတော် တစ်ဥ
- ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- လက်တစ်ဆစ်ခန့်လှီးထားသောကြက်သွန်မိတ် - တစ်ပင်
- ထက်ခြမ်းခြမ်းထားသော ဘေဘီပြောင်းဖူး - ငါးဖူး
- အကြောသင်ထားသော ရွှေပဲသီး - ဆယ်တောင့်
- နုတ်နုတ်စဉ်းထားထေားသောချင်း - လက်တစ်ဆစ်ခန့်
- ဆား - လက်ဖက်ရည်ဇွန်း တ၀က်
- ငံပြာရည် - ထမင်းစားဇွန်း တစ်၀က်ခန့်
- ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
- သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း လေးဇွန်း
- ငရုတ်သီး အခြောက်တောင့် - ဆယ်တောင့်ခန့်
ပြင်ဆင်ပုံ
- ပထမဆုံး အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
- ဆီပူတာနဲ့ ငရုတ်သီးတောင့်တွေကို မွှေးသွားအောင်ကြော်ပြီး ဆယ်ထားပေးပါ ထိုဆီထဲမှာ ဘဲကြက်သားကို ထဲ့ကြော်ပေးပါ
- ကြက်သားကို သုံးမိနစ်လောက် ကြော်ပြီးတာနဲ့ ရေမြုပ်အောင်ထဲ့ပြီး အဖုံးအုပ်ကာ တည်ပေးပါ
- ရေခမ်းသွားတာနဲ့ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတို့ကို တစ်မိနစ်လောက် ထဲ့မွှေပေးပါ
- ပြီးတာနဲ့ မုံလာဥနီကိုထဲ့ပြီး တစ်မိနစ်လောက် ထဲ့ကြော်ပါ
- ကြက်သွန်မိတ် ဘေဘီပြောင်းဖူး ရွှေပဲသီး ငရုတ်သီးခြောက်ကြော်တို့ထဲ့ပြီးတာနဲ့ ဆား ငံပြာရည် သကြား ပဲငံပြာရည်တို့ကို တစ်ခါထဲ ဆက်တိုက်ထဲ့ပြီး မွှေပေးပါ
- ကြက်သွန်များ နွမ်းမသွားအောင် မြန်မြန်ကြော်ပြီး မီးပိတ်ကာ အရသာမြည်းပြီး ပန်းကန်ထဲပြောင်းထဲ့ပေးပါ
- ထမင်းပူပူလေးနှင့် အရသာရှိစွာ သုံးဆောင်နိုင်သော ကုန်းဘောင်ကြီးကြော် ရပါပြီ။
No comments:
Post a Comment