Wednesday 5 July 2023

မုံလာဥ အစိမ်းသုပ်


 


မာမာ ဒီနေ့တော့ မုံလာဥကို အစိမ်းသုပ်လေး သုပ်စားဖြစ်ပါတယ် အသားစားရတာကို မနှစ်သက်တဲ့ သူတွေအတွက်တော့ အခုလို အသုပ်လေးတွေက ထမင်းကို အရမ်းမြိန်စေပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ မုံလာဥ အစိမ်းသုပ် အသုပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. မုံလာဥ - အနေတော်တစ်ဥ
  2. မြေပဲလှော်ထောင်း - ထမင်းစားဇွန်း နှစ်ဇွန်း
  3. သံပုရာသီး - အနေတော် တစ်ခြမ်း
  4. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  5. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  6. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
  8. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  9. ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  11. ပြင်ဆင်ပုံ

    • မုံလာဥကို အပြင်ခွံများ ခွာကာ ရေစင်အောင် ဆေးပေးပါ
    • ပြီးတာနဲ့ ခြစ်တံနှင့် ခြစ်ပေးပါ
    • ခြစ်ပြီးသား မုံလာဥများကို ရေခဲရေထဲမှာ နာရီဝက်လောက် စိမ်ပေးကာ ရေစစ်ထားပါ
    • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
    • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ လှီးထားပါ
    • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
    • ဇလုံကျယ်ကျယ်ထဲမှာ ခြစ်ထားသော မုံလာဥများ ကြက်သွန်နီ မြေပဲလှော်ထောင်း  ပုဇွန်ခြောက်မှုန့် ပဲမှုန့် ငရုတ်သီးမှုန့် အရသာမှုန့် ကြက်သွန်ဖြူဆီချက် ငါးငံပြာရည်နှင့် သံပုရာရည် တို့ထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
    • နယ်ဖတ်ပြီးပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ချဉ်ငံစပ် အရသာလေးနဲ့ မုံလာဥ အစိမ်းသုပ် အသုပ်လေးကို နှစ်သက်သလို စားသုံးနိူင်ပါပြီ။

No comments:

Post a Comment