Thursday 27 July 2023

ကြက်သား ဒိန်ချဉ်ချက်


 ဒီနေ့တော့ ကြက်တောင်ပံလေးတွေကို ဒိန်ချဉ်နဲ့ ချက်စားရင် ကောင်းမလား စိတ်ကူးထဲ ရလာတဲ့အတွက်ကြက်သားနဲ့ ဒိန်ချဉ်ကို ချက်ဖြစ်သွားပါတယ်။

စားလို့အရမ်းကောင်းပြီး ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ကြက်သားဒိန်ချဉ် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်တောင်ပံ - 600 g 
  2. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်န
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  8. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်ဥ
  9. ချင်း - လက်တစ်ဆစ်ခန့်င
  10. ရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်အု
  11. ဒိန်ချဉ် - ထမင်းစားဇွန်း သုံးဇွန်း

ကြက်သားအရသာနယ်ရန်
  • ကြက်သားကို ရေဆေးကာ ဇလုံတစ်လုံးထဲမှာ ထည့်ထားပါ
  • ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ဒိန်ချဉ် - ထမင်းစားဇွန်း သုံးဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် အားလုံးတို့ကို ကြက်သားထဲထည့်ပြီး အရသာ၀င်အောင် နယ်ထားပါ

လိုအပ်သော ပစ္စည်းများ ပြင်ဆင်ပုံ
  • ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်နီကို အခွံခွာကာ ရေဆေးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို ရောပြီး ညက်နေအောင် ထောင်းပေးပါ
ပြင်ဆင်ပုံ
  • ကြက်သားနှင့်ချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးထောင်းထားတာကို ထည့်မွှေပေးပြီး ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ကြက်သားကိုထည့်ပြီး ဆီသတ်ပေးပါ
  • ကြက်သားအသားများ မာကျစ်လာတဲ့ထိ ငါးမိနစ်လောက် ဆီသတ်ပေးပါ
  • အသားများ မာလာမှ ရေကိုမြုပ်အောင်ထည့်ပြီး ဆက်တည်ပေးပါ 
  • ဟင်းအိုးတည်ထားစဉ် အိုးမကပ်စေရန် မကြာမကြာ မွှေမွှေပေးပါ
  • ရေအရမ်း မခမ်းခင် ဆီလည်ရေလည် ဖြစ်လာပါက အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရလာပါက အရသာ ထူးကဲပြီး ဒိန်ချဉ်နံ့ မွှေးကြိုင်နေတဲ့ ကြက်သားဟင်း မွှေးမွှေးလေးကို စားသုံးနိူင်ပါပြီ။

No comments:

Post a Comment