Monday 17 July 2023

ချဉ်ပေါင်ကြော် ထမင်းသုပ်

 



မာမာ ဒီနေ့တော့ အရင်ရက်က ချဉ်ပေါင်ကြော်ထားတာလေးတွေ ကျန်နေသေးတာနဲ့ ထမင်းပူပူလေးနဲ့  ရောပြီး သုပ်စားဖြစ်ပါတယ်။

ချဉ်ပေါင်ကြော်နဲ့ ထမင်းကို သုပ်စားရတာ အရသာ ရှိလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
  1. ထမင်း - ဟင်းပြင်ပန်းကန် တစ်လုံးစာ
  2. ချဉ်ပေါင်ကြော် - ထမင်းစားဇွန်း ခပ်မောက်မောက် သုံးဇွန်းသာသာ
  3. ငါးပိရည် ကျိုပြီးသား - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  4. ငရုတ်သီးအလှော်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ ပါဝင်ပစ္စည်းများ အားလုံးကို ရောထည့်ပေးပါ
  • ပြီးတာနဲ့ အရသာ သမသွားအောင် ခပ်ဖွဖွ နယ်ပေးပါ
  • အရသာ သမသွားတာနဲ့  အရသာကို မြည်းပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးပြီးပါက ချဉ်ငံစပ် ချဉ်ပေါင်ကြော် ထမင်းသုပ်ကို စားသုံးနိူင်ပါပြီ။

No comments:

Post a Comment