Wednesday 26 July 2023

ပုဇွန်ထုတ် ငါးပိရည်ဖျော်

 








ဒီနေ့တော့ ငါးပိရည်ကို အဖျော်ခပ်ပျစ်ပျစ်လေးနဲ့ စားချင်တဲ့အတွက် ငါးပိရည်ကျိုပြီး ငါးပိရည်ဖျော်လေး ပြင်ဆင်ဖြစ်လို့ ပုဇွန်ထုတ်တွေကို မီးကင်ကာ ဖျော်ထားတဲ့ ငါးပိရည်ဖျော် ဖျော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငါးရံ့ငပိရည်ကျိုရန် ငါးပိအနှစ် - ထမင်းစားဇွန်း မောက်မောက် လေးဇွန်း
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်မရှိတစ်ရှိ
  4. ရေ - လက်ဖက်ရည် အကြမ်းပန်းကန် သုံးလုံး ခွဲသာသာ
  5. ပုဇွန်ထုတ် - ခြောက်ထုတ်
  6. ကြက်သွန်နီ - ခပ်သေးသေး ငါးလုံး
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ
  8. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်ထည့်ပါ
  9. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
ငါးပိရည်ကျိုရန် ပြင်ဆင်ပုံ
  1. ငါးပိအနှစ် ဆား နနွင်းမှုန့်နှင့် ရေတို့ကို အိုးတစ်လုံးထဲ ထည့်ပေးပြီး ငါးမိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ
  2. ငါးပိရည် ရလာပါက အရိုးများကို စစ်ပေးပြီး ပန်းကန်တစ်လုံးထဲကို ငါးပိရည်များ ပြောင်းထည့်ထားပါ။
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို အိုးအသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ပုဇွန်ထုတ်ကိုလဲ ရေဆေးကာ ပုဇွန်ထုတ်ကို မီးသွေးမီးဖိုရှိက အခွံများ ကျွမ်းအောင်ဖုတ်ပေးပါ သို့မဟုတ်
  • အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ပြီးတာနဲ့ ပုဇွန်အခွံများခွာကာ ခေါင်းများဖြုတ်ထားပေးပါ
  • ငရုတ်သီးစိမ်းကိုလဲ ရေဆေးကာ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို ငရုတ်ဆုံထဲမှာထည့်ပြီး မညက်တစ်ညက် အနေအထားရအောင် ထောင်းပေးပါ
  • အားလုံးအဆင်သင့် ဖြစ်ပါက ငါးပိရည် ပန်းကန်ထဲမှာ ပုဇွန်ထုတ်များ အချိုမှုန့် ငရုတ်သီး အလှော်မှုန့်နှင့် ထောင်းထားတာတွေ ထည့်ကာ ရောဖျော်ပေးပါ
  • အဖျော်မွှေးမွှေးလေးနဲ့ အရသာရှိလှတဲ့ ငါးပိရည်ဖျော်လေးကို တို့စရာအစုံနှင့် မြိန်ယှက်စွာ စားသုံးနိုင်ပါပြီ

1 comment: