Monday 28 October 2019

ငါးဆီသတ်ဖို့ ငရုတ်သီးကြိတ်ပုံ (မုန့်ဟင်းခါးချက်ရန်)


ကြက်သွန်နီ ကြက်သွန်ဖြူ ချင်း စပါးလင်နှင့် 

ဗလင်ဒါထဲ ထဲ့ပေးပါ

ညက်နေအောင် ကြိတ်ပေးပါ



ဆီသတ်ရန် ကြက်သွန်နီကို ပါးပါးလှီးထားပါ

အရိုးထွင်ထားသောငါး


မုန့်ဟင်းခါး ချက်ရန်အတွက် ဒုတိယ အဆင့်အနေနဲ့ ဆီသတ်ဖို့ ငရုတ်သီးထောင်းဖို့ ပြင်ရပါမယ် ဆီသတ်ဖို့ ငရုတ်သီး ထောင်းရာမှာလဲ ငရုတ်ဆုံနဲ့ ထောင်းရင်လဲ ရသလို အချိန်မြန်မြန် ပြီးချင်ရင်တော့  ဗလင်ဒါထဲ ထဲ့ကြိတ်ရင်လဲ ရပါတယ် မာမာကတော့ ဗလင်ဒါနဲ့ဘဲ ထဲ့ကြိတ်ပေးထားပါတယ်။

ပါ၀င်ပစ္စည်းများ (ငရုတ်သီးထောင်းရန်အတွက်)
  1. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  2. ချင်း - 100 g
  3. ကြက်သွန်နီ - 400 g
  4. ကြက်သွန်ဖြူ - 150 g
  5. စပါးလင် အပင်င်္ကြီးကြီး - ၁၅ပင်
ငရုတ်သီးထောင်းဖို့ပြင်ဆင်ရန်
  • စပါးလင် ၁၅ပင်ခန့်ကို ရေစင်အောင်ဆေးပြီး ခပ်ပါးပါး လှီးပေးကာ မညက်တညက် ထောင်းထားပါ
  • ချင်း၅ကျပ်သားကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူများကို အခွံခွာကာ ရေဆေးထားပါ
  • ကြက်သွန်နီ 200 g ကို အခွံပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ (ဆီသတ်ဖို့ သတ်သတ်ဖယ်ထားပါ)
  • ကြက်သွန်နီ 200 g ကိုအခွံခွာထားပြီး ရေဆေးကာ ခပ်ထူထူ လှီးထားပါ
  • ငရုတ်သီး အရောင်တင်မှုန့်ကို ပြင်ထားပါ
  • အားလုံး အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ဘလင်ဒါထဲထည့်ပြီး တစ်မိနစ်ကြိတ် တခါနားကာ ၁၀ခါလောက် ကြိတ်ပေးပါ
  • ဘလင်ဒါ မရှိပါက ငရုတ်ဆုံထဲထဲ့ပြီး ညက်နေအောင် ထောင်းပေးထားပါ
  • ပြီးတာနဲ့ မုန့်ဟင်းခါးချက်ရန် ငါးဆီသတ်ဖို့မတွက် ငရုတ်သီး ကြိတ်ပြီးသား အဆင်သင့်လေး ရပါပြီ။

No comments:

Post a Comment