Monday 14 October 2019

အသီးအရွက် အစိမ်းကြော်


ဒီနေ့တော့ သတ်သတ်လွတ် စားတဲ့သူတွေလဲ အဆင်ပြေစွာ စားနိူင်အောင်ရယ် အရန်ဟင်းတစ်မယ်အတွက် လွယ်ကူမြန်ဆန်စွာ ပြင်ဆင်နိူင်အောင်ရယ်အတွက် ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ အစိမ်းကြော် ကြော်နည်းကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပဲပြား - 200 g
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. မုံလာဥနီ - အနေတော် တစ်ဥ
  5. ဘေဘီပြောင်းဖူး - ငါးဖူး
  6. ပန်းဂေါ်ဖီ - အနေတော် သုံးခက်
  7. ရွှေပဲသီး - ဆယ့်ငါးတောင့်
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  11. ဆီ - ထမင်းစားဇွန်း ငါးဇွန်း 
အရသာစပ်ရန်
  1. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  2. ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  3. ရေ - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးခွဲစာ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (အထက်ပါ ပါဝင်ပစ္စည်း အားလုံးကိုရောပြီး အရသာ အရည်အဖြစ် စပ်ထားပါ)
ပြင်ဆင်ပုံ
  • ပဲပြားကို ရေဆေးပြီး မိမိနှစ်သက်တဲ့ ပုံစံရအောင် လှီးပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်ခွဲပြီး အလွှာတွေရအောင် ခွာထုတ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်သေးသေး လှီးထားပါ
  • ပန်းဂေါ်ဖီကို ရေဆေးပြီး အနေတော်  အခက်လေးတွေ လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ အတုံးလေးတွေ လှီးထားပါ
  • ဘေဘီပြောင်းဖူးကို ရေဆေးပြီး ထက်ဝက်ခြမ်းကာ လေးစိတ်စိတ်ထားပါ
  • ရွှေပဲသီးကို အကြောသင်ပေးပြီး အတောင့်လိုက် ရေဆေးကာ ထက်ဝက်ပိုင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် ကြက်သွန်ဖြူကို မွှေးလာရုံလေး ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ပဲပြားကို အရင်ဆုံး ထည့်ေ ကြာ်ပေးပါ
  • ပဲပြား အနည်းငယ် မာလာပါက ကျန်နေသော အသီးအရွက်မျာကို ထည့်မွှေပေးပါ
  • အသီးအရွက်များ အနည်းငယ် နွမ်းသွားပါက အရသာ စပ်ထားသော အချိုရည်ကို လောင်းထည့်ပေးပါ
  • ပြီးတာနဲ့ အရသာ သမသွားအောင် မွှေပေးပါ
  • အသီးအရွက်ကြော် ဖြစ်တဲ့အတွက် အရမ်းနွမ်းပြီး အသီးအရွက်များ အရောင်ပြောင်းတဲ့အထိ ကြော်စရာမလိုတဲ့အတွက် ခနဘဲကြော်ပေးပါ
  • အသီးအရွက်ကြော်များ အရသာ သမလောက်ပြီ ဆိုတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရပြီဆိုတာနဲ့ အရမ်းစားလို့ ကောင်းလွန်းတဲ့ သတ်သတ်လွတ် ပဲပြားအစိမ်းကြော်လေး ရပါပြီ။

No comments:

Post a Comment