Friday 4 October 2019

ဘာဆာငဆုတ် အချဉ်ဆီလည်ရေလည်ဟင်း


ငါးဖယ် မရှိသလောက် ရှားလွန်းတဲ့ အရပ်ဒေသမှာ ဘာဆာငါးကို ငါးဖယ်အရသာရအောင် ဘလင်ဒါနဲ့ကြိတ်ထားတဲ့ ဘာဆာငါးဆုတ် အချဉ် ဆီလည်ရေလည်ဟင်း မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ဟင်းချက်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
ဘာဆာငါးအသားပြား - 400 gm
ပြောင်းကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ 
ဟင်းချက်ရန် ပါဝင်သောပစ္စည်းများ
ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
ကြက်သွန်နီ - အနေတော် တစ်ခြမ်း
ချင်း - လက်တစ်ဆစ်ခန့်
ငရုတ်သီးအရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ခရမ်းချဉ်သီး - အနေတော် သုံးလုံး
နံနံပင် - အနေတော် သုံးပင်
ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း 
ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
ဆီ - ထမင်းစားဇွန်း လေးဇွန်း
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
ပြင်ဆင်ပုံ
ဘာဆာငါးကို ရေဆေးပြီး ရေစစ်ပေးကာ ပြောင်းကော်မှုန့် ဆား အရသာမှုန့် နနွင်းမှုန့်တို့ထည့်ပြီး ဗလင်ဒါထဲမှာ ညက်နေအောင် ကြိတ်ပေးပါ
တစ်မိနစ်ကြိတ်လိုက် တစ်ခါနားလိုက် ခြောက်ခါလောက် ကြိတ်ပေးပါ
ပြီးတာနဲ့ လက်ကိုရေစွတ်ပြီး အနေတော် အလုံးလေးတွေ လုံးပေးထားပါ
ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်နှင့်ရောပြီး ညက်နေအောင် ထောင်းပေးပါ
ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
ပါဝင်သော ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
အရင်ဆုံး ဒယ်အိုးထဲမှာ ဆီကိုထည့်ပြီး ဆီကိုပူအောင် တည်ပေးပါ
ဆီပူလာပါက နနွင်းမှုန့်လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံတို့ကိုအရင်ထဲ့ပြီး ထောင်းထားသော ချင်း ကြက်သွန်ဖြူ နီနှင့် ငရုတ်သီးမှုန့်တို့ကို နှစ်စ်မိနစ်လောက် မွှေးလာတဲ့ထိ ထဲ့မွှေပါ
ဆီသတ်နံ့မွှေးလာတာနဲ့ ခပ်ပါးပါး လှီးထားသော ခရမ်းချဉ်သီးကိုထဲ့ပြီး အခွံလိတ်လာတဲ့ထိ မွှေပေးပါ
ခရမ်းချဉ်သီးများ ကြေလာပြီး အခွံလိတ်လာတာနဲ့ ဆုတ်လုံးထားသော ငါးဆုတ်လုံးများကို တစ်လုံးခြင်းထည့်ပြီး အိုးကို လှုပ်ပေးပါ
ငါးဆုတ်အသားများ မာလာတာနဲ့ ငါးငံပြာရည်ထမင်းစားဇွန်း နှစ်ဇွန်း အချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က်ထဲ့ပြီး ရေမြုပ်အောင်ထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
ရေဆူလာပြီး ဆီလည် ရေလည် ရလာတဲ့အထိ တည်ပေးပြီး အရသာမြည်းပြီး အငံနှင့်အချဉ်အရသာအတွက် ဆားထည့်ပြီး မွှေပေးပါပါ
ရေအနေတော် ဖြစ်လာပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ နံနံပင် အုပ်ပေးပြီး မီးပိတ်ပေးပါ
ထမင်းမြိန်စေတဲ့ ချဉ်ငံစပ် အရသာကောင်းတဲ့ ဘာဆာငဆုတ် ဆီလည်ရေလည် ဟင်းလေးရပါပြီ။

No comments:

Post a Comment