Friday 11 October 2019

ရသာစုံ ကျောက်ကျော











ကျိုပြီးတာနဲ့ ခပ်မြန်မြန်လေး လောင်းထည့်ပေးပါ



ထိုယောင်းမနှင့် ကလော်ပြီးထုတ်ပေးပါ

မုန့်လေးတွေ စားချင်တိုင်း ကိုယ့်ဘာသာကိုယ် ပြင်ဆင်ပြီး စားရတာကိုဘဲ သဘောကျတတ်ပါတယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ မနေ့က မာမာပြင်ဆင်ပြီး ကျိုဖြစ်တဲ့ ကျောက်ကျောကျိုနည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ (ပုံပါမိုလ် ၇ခုစာအတွက်)
  1. ကျောက်ကျောမှုန့်  - 25 g( ရွှေဖလားတံဆိပ်ကို သုံးထားပါတယ်)
  2. သကြား - 100 g
  3. ရေ - 500 ml
  4. food colouring - အနီရောင် တစ်စက် (လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး)
  5. food colouring - အပြာရောင် တစ်စက် (လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး)
  6. food colouring - အစိမ်းရောင် တစ်စက် (လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး)
  7. food colouring - အဝါရောင် တစ်စက် (လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး)
  8. ကျောက်ကျောကျိုပြီးထည့်ရန် အပူခံမည့်ဗူး ခွက်လေးများ - ၇ခု
  9. ဇောက်နက်သော ခပ်သေးသေးအိုး - တစ်လုံး (အိုးကိုအရမ်း အကြီးကြီးမသုံးပါနဲ့)
ပြင်ဆင်ပုံ
  • အရောင်စုံ လိုချင်တဲ့အတွက် ကျောက်ကျောမှုန့် 25 g ကို အရင်ဆုံး တစ်ဝက်ခွဲပေးပါ
  • နှစ်ပုံပုံပြီး တစ်ပုံကို ကျောက်ကျောမှုန့် 1 2 g သာသာစီ ခွဲလိုက်ပါ
  • ရေ 500 ml ကို ပွက်ပွက်ဆူအောင် ကျိုပေးထားပါ
  • ပြီးတာနဲ့ ရေနွေး 500 ml ကိုလဲ 250 ml တစ်ဝက်ဆီ ခွဲပေးပါ
  • သကြား 100 g ကိုလဲ 50 g တစ်ဝက်ဆီ ခွဲပေးပါ
  • မိမိအသုံးပြုမည့် food colouring အရောင်များကို အဆင်သင့် ပြင်ထားပါ
  • ကျောက်ကျောကျိုပြီးထည့်မည့် မိုလ်များကို ရေခြောက်အောင်သုတ်ပြီး အဆင်သင့် ပြင်ထားပါ
  • ကျောက်ကျောက ကျိုလိုက်ပြီ ဆိုတာနဲ့ ခဲတာအရမ်းမြန်တဲ့အတွက် အားလုံးအဆင်သင့် ပြင်ပြီးမှ ကျိုဖို့ ပြင်ပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ရေ 250 ml ကို အိုးထဲထည့်ပြီး သကြားတစ်ဝက် ရောထည့်ကာ မီးဖိုပေါ်တင်ပြီး  ကျိုပေးပါ
  • သကြားပျော်သွားပါက တစ်ဝက်ခွဲထားသော ကျောက်ကျောမှုန့် ကို ထည့်ပြီး မွှေပေးပါ
  • ကျောက်ကျောမှုန့် ပျော်သွားတာနဲ့ ပန်းကန်လုံး တစ်ခုထဲကို တစ်ဝက်ထပ်ခွဲပြီး ခပ်မြန်မြန်လေး ပြောင်းထည့်ပေးပါ
  • ပြီးတာနဲ့ အိုးထဲမှာ ကျန်နေသော ကျောက်ကျောရည် တစ်ဝက်ကို မိမိနှစ်သက်ရာ အရောင်တစ်ရောင်ထည့်ပြီး ကျိုပေးပါ
  • ကျိုချိန် တစ်မိနစ်ခွဲနှင့် နှစ်မိနစ်ကြား ရတာနဲ့ အသင့်ပြင်ထားသော မိုလ်ထဲကို တစ်ဝက်ဆီ လောင်းထည့်ပေးပါ
  • ပြီးတာနဲ့ အိုးမှာ တခြားအရောင်များ ကပ်မနေစေရန် ရေနဲ့ ခပ်မြန်မြန်လေးဆေးပြီး တစ်ဝက်ခွဲထားသော ကျောက်ကျောရည်ကို ထည့်ပြီး မီးဖိုပေါ် ပြန်တင်ပေးပါ
  • ပြီးတာနဲ့ မိမိနှစ်သက်တဲ့ အရောင်ကို ထည့်ပေးပြီး မွှေပေးပါ
  • မွှေချိန်ကိုတော့ အထက်ပါ နည်းအတိုင်း တစ်မိနစ်ခွဲနဲ့ နှစ်မိနစ်ကြားမှာဘဲ ကျိုပေးပါ
  • နောက်ထပ်ကျန်နေတဲ့ အရောင်တွေကိုလဲ အထက်ပါ နည်းအတိုင်း ကျိုပေးလိုက် မိုလ်ထဲလောင်းထည့်လိုက် လုပ်ပေးပါ
  • မာမာကတော့ အရောင်လေးရောင် လိုချင်တဲ့အတွက် လေးခါကျိုရပါတယ်
  • မိမိစိတ်ကြိုက ကျောက်ကျောကို ကျိုပြီးတာနဲ့ နာရီဝက်လောက် ထားပေးလိုက်ရင် ခဲသွားပါပြီ
  • ခဲသွားတဲ့အခါ မိုလ်ထဲက ထုတ်ဖို့ကို ရာဘာယောင်းမ ထိပ်လေးနဲ့ အနည်းငယ် ကလော်လိုက်ရင် ထွက်လာပါလိမ့်မယ်
  • ပြီးတာနဲ့ မိမိနှစ်သက်သလို သုံးဆောင်နိူင်ဖို့ အချိုပွဲအဖြစ် ပြင်ပေးနိူင်ပါပြီ။
မှတ်ချက် ။ ။အချိုကြိုက်ပါက သကြားကို ပိုထည့်ပေးပြီး အရောင်ကိုတော့ မိမိတို့ နှစ်သက်တဲ့ အရောင်လေးတွေနဲ့ ထည့်နိူင်ပါတယ်။

No comments:

Post a Comment