Saturday 5 October 2019

ကြက်တောင်ပံကြော်


ကြက်တောင်ပံလေးတွေကို ဝဟ်လာပြီး ချက်စားလိုက် ပြုပ်စားလိုက်နဲ့ စားရတာ ရိုးလာတဲ့အခါ အခုလိုမျိုး အကြော်လေးကြော်ကာ ရေနွေးကြမ်းလေးနဲ့ စားရတာလဲ အရသာ တမျိုးထူးစေတဲ့အတွက် မာမာကြော်တဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကြက်တောင်ပံ - 250 g
  2. ကြက်ဥ - တလုံး
  3. တန်ပူရာမှုန့် - လက်ဖက်ရည် အကြမ်းပန်းကန် တလုံး
  4. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  5. ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  7. ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တလုံးခွဲ

ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး ရေခြောက်အောင် သုတ်ပေးထားပါ
  • ဆား အရသာမှုန့်တို့နဲ့ ကြက်သားကိုနယ်ပေးပါ
  • ကြက်ဥ တန်ပူရာမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့နဲ့ရောပြီး ခပ်ပြစ်ပြစ် ခလောက်ပေးပါ
  • ခလောက်ထားသော တန်ပူရာမှုန့် မုန့်အနှစ်ထဲမှာ ကြက်သားကို တတုံးချင်းနှစ်ပြီး လူးပေးပါ
  • ဆီကို အပူပေးပြီး ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ မုန့်နှစ်လူးထားသော ကြက်သားတုံးကို ထည့်ကြော်ပေးပါ
  • ကြက်သားတုံး တတုံးလုံး အကျက်ညီစေရန် အထက်အောက်ကို လှန်လှန်ပေး၍ ရွှေဝါရောင်ဖြစ်လာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ကြက်တောင်ပံကြော် မွမွရွရွ ကြွတ်ကြွတ်လေးကို မိမိနှစ်သက်သလို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment