Sunday 2 June 2019

မန်ကျည်းသီးစိမ်း ငါးပိချက်












ဗီယက်နမ်ဈေးကအပြန် မန်ကျည်းသီးစိမ်းလေးတွေ ဝယ်လာခဲ့ပြီး ချဉ်ငံစပ်ေ ငါးပိချက်လေးလး ချက်ထားပါတယ် ဒီတစ်ခါချက်တဲ့ မန်ကျည်းသီးစိမ်းက အနည်းငယ် ရင့်နေတဲ့အတွက် ပြင်ဆင်ပုံလေးလဲ ပြောပြထားပါတယ်။

ငါးပိချက်က ပုဇွန်ခေါင်းချိုးလေးတွေလေးတွေနဲ့ချက်ရင် ပိုပြီးစားလို့ကောင်းပါတယ် ဒါကြောင့်မို့လို့ ဒီတစ်ခါတော့ ပုဇွန်ခေါင်းချိုးလေးတွေနဲ့ ချက်ထားပါတယ်။

ပါ၀င်ပစ္စည်းများ
  1. မန်ကျည်းသီးစိမ်း - အနေတော် ၁၅၀တောင့်လောက်
  2. ပုဇွန်ခေါင်းချိုး - နှစ်ဆယ်သား
  3. ကြက်သွန်နီ - အလုံးကြီးကြီး နှစ်လုံး (ခပ်ပါးပါးလှီးရန်)
  4. ကြက်သွန်နီ - အနေတော် နှစ်လုံး (ထောင်းရန်)
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  6. ငရုတ်သီး လုံးကြမ်းခွဲ - ထမင်းစားဇွန်း လေးဇွန်း
  7. ငရုတ်သီးစိမ်း - စားနိူင်သလောက်ငါး
  8. ငံပြာရည် - ထမင်းစားဇွန်း ခြောက်ဇွန်း
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. ဆီ - ဟင်းခတ်ဇွန်းကြီး တစ်ဇွန်း 

ပြင်ဆင်ပုံ
  • မန်ကျည်းသီးစိမ်း အခွံမှာ ကပ်နေသော အညိုရောင် အပေါ်ယံများ ကျွတ်သွားအောင် ဓါးနှင့် ခြစ်ပေးပါ။
  • မန်ကျည်းသီးစိမ်းက အနည်းငယ် ရင့်တဲ့အတွက် အစေ့များထုတ်ရန် ထက်ခြမ်းခြမ်းကာ အစေ့များ ထုတ်ပေးပါ။
  • ပြီးတာနဲ့ ရေသုံးထပ်လောက်ဆေးပြီး ရေစစ်ကာ မညက်တညက် ထောင်းပေးထားပါ။
  • ပုဇွန်ကို ရေဆေးပြီး ခေါင်းဖြုတ်ပြီး ကြောဖက်မှ အမည်းကြောင်းကို ဖယ်းထားပေးပါ။
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ပါးပါး လှီးထားပါ။
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရဆေးထားပါ။
  • ကြက်သွန်နီ နှစ်လုံးသို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ။
  • ငရုတ်သီးမှုန့်ကို ပြင်ထားပါ။
  • ပြီးတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ငရုတ်သီးမှုန့်တို့ကို ရောပြီး ထောင်းပေးပါ။
  • နနွင်းမှုန့် ဆီ ငံပြာရည် အရသာမှုန့်တို့ကို ပြင်ထားပါ။
ငါးပိချက်ချက်ရန် ပြင်ဆင်ပုံ
  • ဒယ်အိုးကို အပူပေးပြီး ဆီနှင့်နနွင်းမှုန့် ထည့်ပေးပါ။
  • ဆီပူလာတာနဲ့ ကြက်သွန်နီကို နွမ်းအောင်ထည့်ကြော်ပေးပါ။
  • ကြက်သွန်နီ နွမ်းလာတာနဲ့ ငရုတ်သီးထောင်းကို ထည့်ကြော်ပေးပါ။
  • ငရုတ်သီးနံ့သင်းလာတာနဲ့ ပုဇွန်များကို ထည့်မွှေပေးပါ။
  • ပုဇွန်များ မာလာတာနဲ့ ငံပြာရည်နှင့်အရသာမှုန့်ကိုထည့်မွှေပေးပါ။
  • ပြီးတာနဲ့ ထောင်းထားသော မန်ကျည်းသီးစိမ်းကို ထည့်မွှေပေးပြီး ၅မိနစ်လောက် ကြော်ပေးပြီး ရေမြုပ်အောင်ထည့်ကာ ရေခမ်းတဲ့အထိ တည်ပေးပါ။
  • ရေခမ်းပြီး ဆီမပြန်ခင်မှာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ။
  • အရသာ မြည်းပြီးတာနဲ့ဆီပြန်ပြီး အနည်းငယ်ေ ခြောက်လာအောင် မီးအေးအေးနဲ့ တည်ပေးပါ။
  • ပြီးတာနဲ့ငရုတ်သီးစိမ်းလေးတွေ ထည့်မွှေပေးကာ မီးပိတ်ပေးပါ။
  • ချဉ်ငံစပ်မွှေး မန်ကျည်းသီးစိမ်း ငါးပိချက်လေးကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment