Tuesday 4 June 2019

ဂွေးသီးဆာရည်စိမ်








ဗီယက်နမ်ဈေးကို သွားဖြစ်တိုင်း ကိုယ်စားတတ်တာလေးတွေ တွေ့ရင် အပင်ပန်းခံပြီး ဝယ်လာတတ်ပါတယ် ဒီတခါလဲ ဂွေးသီးတွေတွေ့တော့ အများကြီး ဝယ်လာပြီး အမျိုးစုံ လုပ်စားဖြစ်ပြန်တယ်။

ဒီနေ့တော့ ထမင်းလဲ စားလို့ မိန်စေသလို နေ့လည်နေ့ခင်း ဆားငရုတ်သီးမှုန့်လေးနဲ့ အပျင်းပြေစားချင်ရင်လဲ စားလို့ရအောင်  ဂွေးသီးဆားရည်စိမ်လေးတွေ လုပ်ထားတာ ရပြီမို့လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ ဂွေးသီးဆားရည်စိမ် လုပ်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဂွေးသီး - ၁၈လုံးခန့်
  2. ရေနွေး - ဖန်ပုလင်း တစ်ဝက် (ဂွေးသီးများ ဖိသိပ်ပြီး ထည့်လို့ရမည့် ဖန်ပုလင်း)
  3. ဆားကြမ်း - ထမင်းစားဇွန်း တစ်ဇွန်း(ဆားကို ဖန်ပုလင်းထဲမှာ ထည့်ထားသည့် ရေငံနေသည် ထိမွှေပေးပါ )

ပြင်ဆင်ပုံ
  1. ဂွေးသီးများကို ရေစင်အောင် ဆေးပေးပါ။
  2. ပုလင်းသန့်သန့်ဖြစ်တဲ့ ဖန်ပုလင်း တစ်လုံးထဲမှာ ရေနှင့်ဆားကို ငံနေသည်ထိ ရောပြီးဖျော်ထားပေးပါ။
  3. ဆားများ အရည်ပျော်သွားတာနဲ့ ရေဆေးထားသော ဂွေးသီးများကို ပုလင်းဆန့်သလောက် ဖိသိပ်ထည့်ပေးပါ။
  4. အသီးများ ဆန့်သလောက် ဖိသိပ်ပြီး ထည့်ပေးပါ။
  5. အသီးများ ပေါလောပေါ် နေပါက အပေါ်ယံမှ အသီးများ ပုတ်ပြီးမဲကုန်တတ်ပါတယ်။
  6. ပြီးတာနဲ့ ပုလင်းအဖုံးကို အဖုံးလုံအောင် ပိတ်ထားပါ။
  7. တပါတ်လောက်နေရင် အသီးများ အရောင်ပြောင်းလာကာ ဂွေသီးဆားရည်စိမ် ချဉ်ချဉ်ငံငံလေးကို ရပါပြီ။
  8. မှတ်ချက် ။ ။ မိမိအသုံးပြုမည့် အသီးအရည်အတွက် ခပ်များများလေး လုပ်ချင်ရင်လဲ ပုလင်းခပ်ကြီးကြီးထဲမှာ ရေတစ်ဝက်ထည့်ပေးကာ ဆားကိုငံနေအောင် ဖျော်ပေးရင်ရပါတယ်။

No comments:

Post a Comment