Tuesday 11 June 2019

ဆယ်လ်မွန်ငါးကင်






ဆယ်လ်မွန်းငါး ပိုင်းပြီးသားလေးတွေ ဝယ်လာပြီး ဒီနေ့တော့ pressure cooker အိုးလေးနဲ့ ကင်ဖြစ်သွားလို့ မာမာကင်တဲ့နည်းလေး မျှဝေလိုက်ပါတယ် မိမိအသုံးပြုမဲ့ ငါးရဲ့ အသားတုံး အထူအပါး အပေါ်မူတည်ပြီး မိနစ်အနည်းအများကို လိုတိုးပိုလျှော့ လုပ်ပေးဖို့တော့ သတိလေး ပြုစေချင်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဆယ်လ်မွန်ငါး - လေးပိုင်း
  2. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  3. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း  ငါးပုံတစ်ပုံ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဆီ - ထမင်းစားဇွန်း တဇွန်းခွဲ
  6. သံပုရာသီး - တစ်လုံး

ပြင်ဆင်ပုံ
  • ငါးကိုရေဆေးပြီး ရေစစ်ထားပါ
  • သံပုရာသီးကို ရေဆေးပြီး စိတ်ထားပါ
  • ရေစစ်ထားသောငါးကို ဆား အရသာမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ဖြင့် ခပ်ဖွဖွ နယ်ပေးပါ
  • အသားငါးကင်ရန်အတွက် အကင်အိုးကို အသုံးမပြုပါက အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ
  • အိုးပူလာပါက ဆီထည့်ပြီး မီးကိုအနည်းငယ်လျှော့ပြီးမှ အရသာနယ်ထားသောငါးကို အရည်ခွံဘက်မှ စပြီးထည့်ပေးပါ
  • ငါးရဲ့အရည်ခွံဖက်ကို ၃မိနစ်လောက် ကင်ပေးပြီးမှ နောက်တဖက်ကို လှန်ပေးပြီး ဆက်ကင်ပါ
  • အသားဖက်အခြမ်းကို နှစ်မိနစ်လောက်ဘဲ ကင်ပေးပါ
Pressure Cooker နှင့်ကင်နည်း
  • Pressure Cooker ကို brown ခလုတ်ကို နှိပ်ပြီး ၅မိနစ် နာရီ ချိန်ပေးပါ
  • ပြီးတာနဲ့ အိုးထဲကို ဆီထည့်ပြီး အပူပေးပါ
  • ဆီပူတာနဲ့ ငါးကို အရည်ခွံဘက်မှ စပြီး ထည့်ပေးပြီး အဖုံးမအုပ်ဘဲ ကင်ပေးပါ
  • သုံးမိနစ်လောက် ကင်ပေးပြီး အရည်ခွံဖက်မှ ကျက်တာနဲ့ အသားဘက်ကို လှန်ပေးကာ နှစ်မိနစ်ခန့် ကင်ပေးပါ
  • ငါးအသား ကျက်ပြီဆိုတာနဲ့ အိုးထဲမှ ဖယ်ပေးပြီး စားပွဲပြင်ပေးပါ
  • ဆယ်လ်မွန်ငါးကင်နှင့်သံပုရာသီးစိတ်လေးများကို ပြင်ပေးပြီးတာနဲ့ ငါးကင် မွှေးမွှေးလေးကို သံပုရာညှစ်ကာ ထမင်းပူပူလေးနှင့် သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment